Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကမီးရှို့ ဖျက်ဆီးတာ​ကြောင့်​နေအိမ်အများဆုံးပျက်စီးဆုံးရှုံးတဲ့မြို့နယ် ၂၀

နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်​ကောင်စီတပ်ကမီးရှို့ ဖျက်ဆီးတာ​ကြောင့်​နေအိမ်အများဆုံးပျက်စီးဆုံးရှုံးတဲ့မြို့နယ် ၂၀
စစ်​ကောင်စီတပ်ကမီးရှို့ ဖျက်ဆီးတာ​ကြောင့်​နေအိမ်အများဆုံးပျက်စီးဆုံးရှုံးတဲ့မြို့နယ် ၂၀

စစ်​ကောင်စီက နိုင်ငံတစ်ဝန်းရှိပြည်သူ​တွေရဲ့​နေအိမ်​တွေကို မီးရှို့ဖျက်ဆီး​နေရာ Data for Myanmar စာရင်း​တွေအရ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ့မီးရှို့ဖျက်ဆီးခံရတဲ့​နေအိမ်​ပေါင်း ငါးသောင်းခန့် (၄၈၄၆၃ လုံး)ရှိ​နေပါတယ်။ စစ်​ကောင်စီတပ်အများဆုံးဖျက်ဆီးအကြမ်းဖက်တဲ့​ဒေသက စစ်ကိုင်းတိုင်းဖြစ်ပါ​တယ် ။​နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ မ​ကွေးတိုင်းမှာ ​နေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့ တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။

မြို့နယ်အလိုက်ဆိုရင် ​​နေအိမ်​ပေါင်း ၄၄၃၄လုံးဖျက်ဆီးခံရတဲ့ဒီပဲယင်းမြို့နယ်က အများဆုံးဖြစ်ပါတယ်။ နေအိမ် ၃၃၈၉ မီးရှို့ လုံးဖျက်ဆီးခံရတဲ့တန့်ဆည်မြို့နယ်က ဒုတိယအများဆုံး ၊​နေအိမ် ၂၉၈၄ လုံးဖျက်ဆီးခံရတဲ့​ပေါက်မြို့နယ် ကတတိယ အများဆုံး မီးရှို့ပြာချခံထားရပါတယ်။ ဒါပြီးရင် ​နေအိမ်ပျက်စီးဆုံးရှုံးမှုစာရင်းမှာနေအိမ် ၂၆၂၂ လုံးနဲ့ကန့်ဘလူမြို့နယ် ၊​နေအိမ် ၂၄၇၀ လုံးဖျက်ဆီးခံရတဲ့ပုလဲမြို့နယ်တို့က အဆင့်​လေးနဲ့ ငါး​နေရာရပ်တည်​နေပါတယ်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်နဲ့​နောက်လိုက်​တွေကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ ၊ဆက်သွယ်​ရေးခက်ခဲ့လို့သတင်းအချက်အလက်မရ​သေး

တဲ့​၊အတည်ပြုဖို့ခက်ခဲ​နေတဲ့ဒေသတွေ ၊အချက်အလက်​တွေကျန်​နိုင်​သေးပြီး​မြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလကုန်စာရင်း​တွေအရ နိုင်ငံတစ်ဝန်း ​နေအိမ်အများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ မြို့နယ် ၂၀ ကိုPeople’s Spring ကအင်ဖိုဂရပ်ဖစ်နဲ့​ဖော်ပြ​ပေးလိုက်ပါတယ်။ မြို့နယ် ၂၀ မှာ စစ်ကိုင်းတိုင်းက၁၅ မြို့နယ် ၊မ​ကွေးတိုင်းက ၄ မြို့နယ်နဲ့ ချင်းပြည်နယ်က ၁ မြို့နယ်ပါဝင်ပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။