Connect with us

Hi, what are you looking for?

News

ကျောက်ဆည်မြို့ရှိ ဦးသန်း​ရွှေအိမ်တွင် ဗုံးကွဲ

အဖွဲ့သားများ ဘေးကင်လုံခြုံစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အခါအားလျော်စွာ ကျောက်ဆည်မြို့နယ်ရှိ စစ်ကောင်စီသတင်းပေးများကိုပါ ရှင်းလင်းသွားမည်ဖြစ်ကြောင်း (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

People's Spring
People's Spring

မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ဦးသန်းရွှေ၏ အိမ်တော်အား ယနေ့နံနက်ပိုင်းက ဗုံးဖောက်ခွဲခဲ့ကြောင်း ကျောက်ဆည် (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ဦးသန်း​ရွှေသည် ၁၉၈၈ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး နအဖ ၊နဝတစစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးဖြစ်ကာ၊လက်ရှိအာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်ကို တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် တာဝန်​ပေးအပ်ခဲ့သူဖြစ်သည်။ ၂၀၁၆ တွင် အနားယူပြီး​​နောက်ပိုင်း စစ်​ခေါင်း​ဆောင်များအတွက် သီးသန့်​ဆောက်လုပ်ထား​သောနေပြည်​တော်ရှိ ​ခြောက်လုံးတန်းအိမ်​တော်တွင်​နေထိုင်​နေသူ ဖြစ်သည်။

ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့လယ်၊ ဆူးကုန်းရပ်ကွက် ရှိ ဦးသန်းရွှေ၏ ခြံဝင်းဟုလူသိများသည့် ခြံရှေ့သို့ (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အချို့က သွားရောက်ကာ ဗုံးအား ခြံဝမှတဆင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း DKDF နှင့် ဒေသခံများက ပြောသည်။

အဖွဲ့သားများ ဘေးကင်လုံခြုံစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အခါအားလျော်စွာ ကျောက်ဆည်မြို့နယ်ရှိ စစ်ကောင်စီသတင်းပေးများကိုပါ ရှင်းလင်းသွားမည်ဖြစ်ကြောင်း (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အိမ်တော်အတွင်းတွင် စစ်တပ်အရာရှိအချို့နှင့် တပ်သားအချို့နေထိုင်နေသည်ဟု ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook