မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ဦးသန်းရွှေ၏ အိမ်တော်အား ယနေ့နံနက်ပိုင်းက ဗုံးဖောက်ခွဲခဲ့ကြောင်း ကျောက်ဆည် (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
ဦးသန်းရွှေသည် ၁၉၈၈ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး နအဖ ၊နဝတစစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးဖြစ်ကာ၊လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ပေးအပ်ခဲ့သူဖြစ်သည်။ ၂၀၁၆ တွင် အနားယူပြီးနောက်ပိုင်း စစ်ခေါင်းဆောင်များအတွက် သီးသန့်ဆောက်လုပ်ထားသောနေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်တော်တွင်နေထိုင်နေသူ ဖြစ်သည်။
ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့လယ်၊ ဆူးကုန်းရပ်ကွက် ရှိ ဦးသန်းရွှေ၏ ခြံဝင်းဟုလူသိများသည့် ခြံရှေ့သို့ (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အချို့က သွားရောက်ကာ ဗုံးအား ခြံဝမှတဆင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း DKDF နှင့် ဒေသခံများက ပြောသည်။
အဖွဲ့သားများ ဘေးကင်လုံခြုံစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အခါအားလျော်စွာ ကျောက်ဆည်မြို့နယ်ရှိ စစ်ကောင်စီသတင်းပေးများကိုပါ ရှင်းလင်းသွားမည်ဖြစ်ကြောင်း (D.K.D.F) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
အိမ်တော်အတွင်းတွင် စစ်တပ်အရာရှိအချို့နှင့် တပ်သားအချို့နေထိုင်နေသည်ဟု ဒေသခံတို့က ပြောသည်။


















































