Connect with us

Hi, what are you looking for?

သတင်း

ထောက်ပို့ယာဥ်တန်း၏ ရှေ့ပြေးစစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဟု မြိုင်(ပကဖ)ခေါင်းဆောင်ပြော

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ-၁ ၊ တပ်ခွဲ -၄( စက်ြာ) ၊ မုန်တိုင်းတပ်ဖွဲ့ နှင့် MUGDFတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုင်းများအားတွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)
တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော မိုင်းများအားတွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)

မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့နယ် Well-2 ရေနံမြေစခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်း၏ ရှေ့ပြေးခြေလျင်တပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ အများအပြား သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၃ ရက်) ညနေ ၃ နာရီခန့်က ပခုက္ကူမြို့မှစစ်ကောင်စီယာဥ်တန်းသည် မြိုင်မြို့နယ်၊ Well-2 စခန်းသို့ ရိက္ခာပို့ထွက်လာခဲ့ရာ အဆိုပါယာဥ်တန်း၏ ရှေ့ပြေး ခြေလျင်တပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်ပို့ယာဥ်တန်း၏ ရှေ့ပြေးကင်းတန်းသည် ကိုင်းတောမရဲစခန်းနှင့် Well-2 စခန်းကြား လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးအင်အားစုများချထားသော မိုင်းကြီး၊မိုင်းသေး ၁၅လုံး(၃ပွိုင့်) ပေါ်သို့ တည့်တည့်ရောက်လာ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးခန့် သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“အင်အားက ၅၂၊ ၅၃ လောက်ပါမယ်။ ခြေလျင်လျှောက်ပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ယာဥ်တန်းရှေ့ကနဲ့ ဘေးကနေ လမ်းရှင်းလာတာ။ တစ်ပွိုင့်နဲ့တစ်ပွိုင့်ကဝါးတစ်ပြန်လောက်တော့ကွာမယ်။ ဖြန့်ထားတဲ့ဟာ အကုန်ထိတာ။ မိုင်းဆွဲပြီး ၂၀လောက်ကို ဖောကားတွေနဲ့လာတင်သွားတယ်”ဟု ကိုလယျာ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ-၁ ၊ တပ်ခွဲ -၄( စက်ြာ) ၊ မုန်တိုင်းတပ်ဖွဲ့ နှင့် MUGDFတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းသည် ယနေ့နံနက်တွင် ရှေ့ဆက်တိုးလာပြီး အနီးအနားဝန်းကျင်ကျေးရွာများကို ပစ်ခတ်နေကြောင်း နယ်ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။