Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးဒေသ တိုက်ပွဲပြင်းထန်နေ၍ မြို့ပေါ် စျေးဆိုင်များ ပိတ်ထားရပြီး ဒေသခံများ တိမ်းရှောင်နေရ

စစ်ကောင်စီတပ် လက်အောက်ခံ BFGနှင့် စစ်ကောင်စီ ပူးပေါင်းတပ်က ကော့နွှဲ့ ရွာအတွင်း ဝင်ရောက်နေရာယူထားသကဲ့သို့ ဒေသခံများအား နေရပ်ပြန်ခွင့်မပြုသေးဟု ဆိုသည်။

(​တော်လှန်​ရေးအင်အားစုများက ​ကော့ဘိန်းရဲစခန်းကိုမီးရှို့​ပြီး​နောက်မီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ)
(​တော်လှန်​ရေးအင်အားစုများက ​ကော့ဘိန်းရဲစခန်းကိုမီးရှို့​ပြီး​နောက်မီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ်ခွဲအတွင်း တိုက်ပွဲဖြစ်ပွား​နေပြီး၊လက်နက်ကြီး ပစ်ခတ်​နေ​သောကြောင့် ဒေသခံများစစ်ဘေးတိမ်းရှောင်နေကြရ​ကြောင်းကော့ကရိတ်ဒေသခံက ပြောသည်။

ဇန်နဝါရီ ၁၆ရက်က ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးအင်အားစုများက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ဆက်တိုက်ရမ်းသန်းပစ်ခတ်နေသည်ဟုသိရသည်။

“ကော့ကရိတ် ကျုံဒိုးဒေသဘက်တော့ နည်းနည်းလေး တိုက်ပွဲတွေ ပြင်းထန်တာပေါ့။ မနေ့က ကျုံဒိုး တောင်ကြာအင်းနဲ့ နောင်တလာကြားမှာလည်း တိုက်ပွဲ ဖြစ်တယ်ကြားတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာထက် သူတို့က လှမ်းထုနေတာ။ ဖြစ်ပုံက ကော့ဘိန်းရဲစခန်းကို ဝင်ရောက်ပြီးတော့ မီးရှို့လိုက်တဲ့အချိန်မှာ နောက်ပိုင်းမှာ သူတို့တွေ ရမ်းသန်းပစ်ခတ်မှုတွေ တအားလုပ်နေတာ” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့က ပစ်ခတ်မှုများအတွင်းကော့ကရိတ်မြို့နယ်ကမ်းနီရွာမှ နေအိမ်အချို့မီးလောင်ပျက်စီးမှုရှိသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ရဲစခန်းကိုမီးရှို့လိုက်တဲ့အနေအထားတစ်ခုအပေါ်မှာမူတည်ပြီးတော့ ဥပမာဖြင့် PDF တွေ တပ်စွဲနိုင်မယ့် နေရာလေးတွေကို လက်နက်ကြီးတွေ လှမ်းထုတာ များတယ်။ တစ်ဖက်ကလည်း ဒရုန်းနဲ့ တန်ပြန်မှုတွေလုပ်တာအနည်းကျဉ်းတော့ ရှိတယ်လို့ ကြားတယ်” ဟုကော့ကရိတ်ဒေသခံကပြောသည်။

လက်ရှိတွင် ကျုံဒိုးမြို့ပေါ်၌ စျေးဆိုင်များ ပိတ်ထားကြပြီး အချို့ မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ၎င်း ကဆိုသည်။

လွန်ခဲ့သည့် တစ်လကျော်က ကော့ကရိတ်မြို့နယ် ကော့နွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံများလည်း လက်ရှိ အချိန်ထိ နေရပ်မပြန်နိုင်သေးဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် လက်အောက်ခံ BFGနှင့် စစ်ကောင်စီ ပူးပေါင်းတပ်က ကော့နွှဲ့ ရွာအတွင်း ဝင်ရောက်နေရာယူထားသကဲ့သို့ ဒေသခံများအား နေရပ်ပြန်ခွင့်မပြုသေးဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။