Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာ၌ ယနေ့နံနက် တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကော့ကရိတ်တွင် သံချပ်ကာယာဉ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုပြီး စစ်ရေးလှုပ်ရှားခဲ့သည်ဟု ဆိုသည်။

(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)
(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၃၁ရက် နံနက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံက ပြောသည်။

ယနေ့နံနက် ၇နာရီ ၄၀ ခန့်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ယခုအချိန်ထိ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည်ဟု ဆိုသည်။

(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)
(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)

“ဒီမနက် တိုက်ပွဲဖြစ်တယ်။ ပွဲကြမ်းတယ်။ ဒီမနက်က ရင်ဆိုင်တိုက်ပွဲဖြစ်နိုင်တယ်။ အလုံးကြီး (လက်နက်ကြီး)ကလည်း မိုးရွာသလိုပဲ ကြဲချတာကိုး။ ဖြစ်တာက ကော့နွဲ့မှာပဲ။ ညတုန်းက သူတို့နေရာယူဖို့ ကြိုးစားနေတာ၊ အခုလည်း သူတို့နေရာယူဖို့ ကြိုးစားနေတာ”ဟု ဒေသခံက ပြော သည်။

တိုက်ပွဲတွင် ထိခိုက်နစ်နာမှု အခြေအနေများကို မကြားသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကော့ကရိတ်တွင် သံချပ်ကာယာဉ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုပြီး စစ်ရေးလှုပ်ရှားခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်တိုက်ပွဲသည် ဒီဇင်ဘာ ၁၆ရက်က စ၍ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး နှစ်ပတ်ကျော်ကြာပြီဖြစ်သည်။

တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။