Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် ပညာရေးမှူးရုံးနှင့် လျှပ်စစ်ရုံးအား တပြိုင်နက်မိုင်းခွဲတိုက်ခိုက်

ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်က ပညာရေးမှူးရုံးကို မိုင်းတစ်လုံး၊ ညနေ ၆နာရီ၅၇ မိနစ်ခန့်တွင် မြို့နယ်လျှပ်စစ်ရုံးတို့ကို မိုင်းတစ် လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group(စလေ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆိပ်ဖြူတွင် ပညာရေးမှူးရုံးနှင့် လျှပ်စစ်ရုံးအား တပြိုင်နက်မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ပညာရေးမှူးရုံးနှင့် လျှပ်စစ်မန်နေဂျာရုံးအား တပြိုင်နက်ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group (စလေ)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်က ပညာရေးမှူးရုံးကို မိုင်းတစ်လုံး၊ ညနေ ၆နာရီ၅၇ မိနစ်ခန့်တွင် မြို့နယ်လျှပ်စစ်ရုံးတို့ကို မိုင်းတစ် လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group(စလေ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“နှစ်နေရာကို အချိန်အနည်းငယ်ခြားပြီးတိုက်ခိုက်ခဲ့တာပါ။ မိုင်းကွဲပြီး စကစ​တွေက ပတ်ဝန်းကျင်ကိုလာကြည့်သွားတယ်ပြောတယ်။ ကျွန်တော် တို့လုပ်လို့ရတယ်ဆိုတာ ပြချင်လို့ သတိပေးဖောက်ခွဲခဲ့တာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

​ထိခိုက်မှုအခြေအနေများအား မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို စလေမြို့အခြေစိုက် ဥဩ UG(Salay)မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F) မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သတိပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုနှစ်ဖွဲ့သည် ဇန်နဝါရီ ၁၂ရက်ကလည်း ဆိပ်ဖြူမြို့နယ်တွင် ရိက္ခာတင်ယာဥ်တစ်စီးနှင့် စစ်ဆေးရေးဂိတ်အား မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က တပ်မ ၄ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာတစ်စီးပျက်ကျတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ် ၂၀ကျော်နဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။