Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်(၉)ဖွဲ့ပူးပေါင်းတိုက်ခိုက်

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့၊ ဓာတ်ပုံ-CAF -SPUPDF)
CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့၊ ဓာတ်ပုံ-CAF -SPUPDF)

မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ် (၉)ဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ဦးခန့်သေဆုံးနိုင်ကြောင်း CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၉ရက်က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာအုပ်စု ပိုင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် မဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲမှာ ဇူလိုင် ၉ ရက်မှ ၁၀ ရက် ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ စစ်ကောင်စီဘက်က “မိုင်း” ထိပြီး သုံးဦးခန့်သေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း CAF -SPUPDFက ဆိုသည်။

တိုက်ပွဲတွင် ပြ​ည်သူ့ရဲဘော်တစ်ဦးက စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ယာဘက်နံကြားကိုထိမှန်ခဲ့ပြီး လဲကျသွားကာ ထမ်းခေါ်သွားရကြောင်း၊ ပူးပေါင်းမဟာမိတ်များဘက်က ပစ်လိုက်သော စနိုက်ပါပစ်ချက်ဖြင့် တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း CAF -SPUPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲအခြေအနေမလှသဖြင့် ဇူလိုင် ၁၀ရက် ညနေပိုင်းတွင် ဆုတ်ခွာသွားခဲ့ကြရာ အပြန်လမ်းတွင် မိုင်းနှစ်လုံးမိကာ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးအရေအတွက်မသိရသေးကြောင်း၊ အပြန်လမ်း တောတဲတိုက်တွင် စစ်ကောင်စီတပ်သား လူနာအများအပြား ဆေးကုသနေရကြောင်း CAF -SPUPDF က အသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ CAF -SPUPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ပွဲအား CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)၊ရေနံချောင်း PDF၊ Saw PDF တပ်ရင်း ၂ (YRPA)၊ SLN LPD(Salin Local People’s Defence Force)၊ Kyaukpadaung Defence Force – KDFKDF၊ ပေါက်မြို့နယ် တပ်ရင်း ၆၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်မဟာ (၇) ၊ တပ်ရင်း (၇၁၂) – (ပြည်သူ့စွမ်းအားတပ်ပေါင်းစု)၊ YDF တပ်ရင်း ၉ တွေ့မရှောင် (ပေါက်မြို့နယ်တောင်ပိုင်း)စသည့် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်ပူးပေါင်းအဖွဲ့များမှာ အထိအခိုက်မရှိတိုက်ပွဲဆင်နိုင်ခဲ့ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် CAF-SPUPDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။