Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူတွင် ပညာရေးမှူးရုံးနှင့် လျှပ်စစ်ရုံးအား တပြိုင်နက်မိုင်းခွဲတိုက်ခိုက်

ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်က ပညာရေးမှူးရုံးကို မိုင်းတစ်လုံး၊ ညနေ ၆နာရီ၅၇ မိနစ်ခန့်တွင် မြို့နယ်လျှပ်စစ်ရုံးတို့ကို မိုင်းတစ် လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group(စလေ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆိပ်ဖြူတွင် ပညာရေးမှူးရုံးနှင့် လျှပ်စစ်ရုံးအား တပြိုင်နက်မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ပညာရေးမှူးရုံးနှင့် လျှပ်စစ်မန်နေဂျာရုံးအား တပြိုင်နက်ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group (စလေ)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၄၂ မိနစ်ခန့်က ပညာရေးမှူးရုံးကို မိုင်းတစ်လုံး၊ ညနေ ၆နာရီ၅၇ မိနစ်ခန့်တွင် မြို့နယ်လျှပ်စစ်ရုံးတို့ကို မိုင်းတစ် လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း OAK AWE UG Group(စလေ)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“နှစ်နေရာကို အချိန်အနည်းငယ်ခြားပြီးတိုက်ခိုက်ခဲ့တာပါ။ မိုင်းကွဲပြီး စကစ​တွေက ပတ်ဝန်းကျင်ကိုလာကြည့်သွားတယ်ပြောတယ်။ ကျွန်တော် တို့လုပ်လို့ရတယ်ဆိုတာ ပြချင်လို့ သတိပေးဖောက်ခွဲခဲ့တာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

​ထိခိုက်မှုအခြေအနေများအား မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို စလေမြို့အခြေစိုက် ဥဩ UG(Salay)မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F) မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သတိပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုနှစ်ဖွဲ့သည် ဇန်နဝါရီ ၁၂ရက်ကလည်း ဆိပ်ဖြူမြို့နယ်တွင် ရိက္ခာတင်ယာဥ်တစ်စီးနှင့် စစ်ဆေးရေးဂိတ်အား မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

အဆိုပါ ဆော-ဆိပ်ဖြူလမ်းပိုင်းသည် မြေပြိုကျမှုကြောင့် ပေ (၃၀) ခန့်ပြိုကျပျက်စီးသွားပြီး ယမန်နေ့(အောက်တိုဘာ ၂၃)ညပိုင်းတွင် ထပ်မံပြိုကျခဲ့ရာ ယနေ့ညနေပိုင်းတွင် နောက်ထပ်တစ်ကြိမ် လမ်းပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

သတင်း

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မိဘုရားချိုင့်ရွာ နေအိမ်များ၊စိုင်ဖြူရွာမှ နေအိမ် ၁၇လုံး၊ တောင်ရွာမကျေးရွာရှိ နေအိမ် လေးလုံး၊ ကံတွင်းရွာရှိ နေအိမ်လေးလုံး ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။