Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ထောက်ပံ့ချိန်မှာ လျှို့ဝှက် နည်းပညာသုံး သံချပ်ကာတွေ ချန်ထားမယ့် အမေရိကန်

M1A2တွေဟာ အရင်မျိုးဆက်ရဲ့ ဒီဇိုင်းဟောင်းကို အကြီးအကျယ် မွမ်းမံ ပြင်ဆင်မှုတွေ အားဖြည့်ထားတာဖြစ်ပြီး ပိုပြီး ပစ်အားပြင်းပြင်းနဲ့ ဝေးဝေးရောက်နိုင်တဲ့ အမြောက်၊ ကာကွယ်ရေး အစီအမံတွေနဲ့ တခြား ခေတ်မီ နည်းပညာတွေ ပေါင်းစပ်ထားလိုက်ပါတယ်။

ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ထောက်ပံ့ချိန်မှာ လျှို့ဝှက် နည်းပညာသုံး သံချပ်ကာတွေ ချန်ထားမယ့် အမေရိကန်
ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ထောက်ပံ့ချိန်မှာ လျှို့ဝှက် နည်းပညာသုံး သံချပ်ကာတွေ ချန်ထားမယ့် အမေရိကန်

အမေရိကန်ဟာ ယူကရိန်းအတွက် နည်းပညာမြင့် တင့်ကားတွေ ထောက်ပံ့ပေးမှာ ဖြစ်ပေမယ့် ထိပ်တန်း လျှို့ဝှက် နည်းပညာနဲ့ တီထွင်ထားတဲ့ အပိုဆောင်း သံချပ်ကာတွေကိုတော့ တပ်ဆင်ပေးလိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အစောပိုင်းတုန်းက အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် M1 Abrams အမျိုးအစား တင့်ကား ၃၁ စီး ပေးပို့မယ်လို့ ကြေညာပေမယ့် အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။ အခုအခါမှာတော့ ပင်တဂွန် စစ်ဌာနချုပ်က ယူကရိန်း လက်ခံရရှိမှာက M1တင့်ကားတွေရဲ့ ကနဦး မျိုးဆက်ဟောင်း M1A1တွေ မဟုတ်ဘဲ လက်ရှိ အမေရိကန် ကြည်းတပ်မှာ သုံးစွဲနေတဲ့ M1A2တွေ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

M1A2တွေကိုမှ အဆင့်အတန်း ၃ ခု ထပ်ခွဲခြားထားပြီး ယူကရိန်းဆီ ဘယ်အမျိုးအစားတွေ ပို့ဆောင်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ M1A1တွေဟာ Analog စနစ်နဲ့ ထိန်းချုပ် မောင်းနှင်ရတာ ဖြစ်ပေမယ့် M1A2တွေကတော့ Digital ထိန်းချုပ်စနစ်ဆီ ပြောင်းလဲသွားပြီး အရမ်းအဆင့်မြင့်တဲ့ နည်းပညာ ပေါင်းစပ်မှုတွေ ထည့်သွင်းပေးထားပါတယ်။

နောက်ပြီး M1A2တွေကို စစ်မြေပြင်မှာ ပိုပြီး မာကျော အစွမ်းထက်တဲ့ လက်နက်တွေ ဖြစ်လာအောင် အားဖြည့် သံချပ်ကာ တစ်မျိုးနဲ့ပါ ပံ့ပိုးပေးထားပါတယ်။ အဲဒီ သံချပ်ကာ နည်းပညာ တည်ဆောက်မှုကို အမေရိကန်က အထူးတလည် လျှို့ဝှက်ထားသလို ယူကရိန်းဆီ လွှဲပေးမယ့် တင့်ကားတွေမှာလည်း ထည့်ပေးလိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

M1A2တွေဟာ အရင်မျိုးဆက်ရဲ့ ဒီဇိုင်းဟောင်းကို အကြီးအကျယ် မွမ်းမံ ပြင်ဆင်မှုတွေ အားဖြည့်ထားတာဖြစ်ပြီး ပိုပြီး ပစ်အားပြင်းပြင်းနဲ့ ဝေးဝေးရောက်နိုင်တဲ့ အမြောက်၊ ကာကွယ်ရေး အစီအမံတွေနဲ့ တခြား ခေတ်မီ နည်းပညာတွေ ပေါင်းစပ်ထားလိုက်ပါတယ်။

အမေရိကန်ဟာ တခြားနိုင်ငံတွေဆီ တင်ပို့တဲ့ M1A2တွေမှာလည်း အဲဒီ အထူးသံချပ်ကာတွေကို တပ်ဆင်ပေးလေ့ မရှိပါဘူး။ ဒါပေမဲ့ တခြား အပိုဆောင်း သံချပ်ကာ အမျိုးအစားတွေကိုတော့ ပြည်ပကို တင်ပို့ခွင့် ပေးထားပါတယ်။

လောလောဆယ် အမေရိကန်မှာ M1A2 တင့်ကားတွေ အပိုလက်ဝယ် မရှိတာကြောင့် ယူကရိန်းဆီ ပို့ဆောင်မယ့် ကိစ္စက လပိုင်းလောက် ကြာဦးမယ်လို့လည်း ပင်တဂွန်က ဆိုပါတယ်။ အဲဒီ တင့်ကားတွေကို အိုဟိုင်ယို ပြည်နယ်က လီမာမြို့မှာရှိတဲ့ အစိုးရပိုင် စစ်လက်နက်ပစ္စည်း စက်ရုံမှာ တပ်ဆင် ထုတ်လုပ်ပါတယ်။ စက်ရုံက တစ်လကို တင့်ကား ၁၂ စီးလောက်သာ ထုတ်လုပ်နိုင်ပေမယ့် လက်ရှိ အချိန်မှာတောင် ထိုင်ဝမ်နဲ့ ပိုလန်ဆီက အမှာစာရင်းတွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။