Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ထောက်ပံ့ချိန်မှာ လျှို့ဝှက် နည်းပညာသုံး သံချပ်ကာတွေ ချန်ထားမယ့် အမေရိကန်

M1A2တွေဟာ အရင်မျိုးဆက်ရဲ့ ဒီဇိုင်းဟောင်းကို အကြီးအကျယ် မွမ်းမံ ပြင်ဆင်မှုတွေ အားဖြည့်ထားတာဖြစ်ပြီး ပိုပြီး ပစ်အားပြင်းပြင်းနဲ့ ဝေးဝေးရောက်နိုင်တဲ့ အမြောက်၊ ကာကွယ်ရေး အစီအမံတွေနဲ့ တခြား ခေတ်မီ နည်းပညာတွေ ပေါင်းစပ်ထားလိုက်ပါတယ်။

ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ထောက်ပံ့ချိန်မှာ လျှို့ဝှက် နည်းပညာသုံး သံချပ်ကာတွေ ချန်ထားမယ့် အမေရိကန်
ယူကရိန်းကို အဆင့်မြင့် တင့်ကားတွေ ထောက်ပံ့ချိန်မှာ လျှို့ဝှက် နည်းပညာသုံး သံချပ်ကာတွေ ချန်ထားမယ့် အမေရိကန်

အမေရိကန်ဟာ ယူကရိန်းအတွက် နည်းပညာမြင့် တင့်ကားတွေ ထောက်ပံ့ပေးမှာ ဖြစ်ပေမယ့် ထိပ်တန်း လျှို့ဝှက် နည်းပညာနဲ့ တီထွင်ထားတဲ့ အပိုဆောင်း သံချပ်ကာတွေကိုတော့ တပ်ဆင်ပေးလိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အစောပိုင်းတုန်းက အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် M1 Abrams အမျိုးအစား တင့်ကား ၃၁ စီး ပေးပို့မယ်လို့ ကြေညာပေမယ့် အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။ အခုအခါမှာတော့ ပင်တဂွန် စစ်ဌာနချုပ်က ယူကရိန်း လက်ခံရရှိမှာက M1တင့်ကားတွေရဲ့ ကနဦး မျိုးဆက်ဟောင်း M1A1တွေ မဟုတ်ဘဲ လက်ရှိ အမေရိကန် ကြည်းတပ်မှာ သုံးစွဲနေတဲ့ M1A2တွေ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

M1A2တွေကိုမှ အဆင့်အတန်း ၃ ခု ထပ်ခွဲခြားထားပြီး ယူကရိန်းဆီ ဘယ်အမျိုးအစားတွေ ပို့ဆောင်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ M1A1တွေဟာ Analog စနစ်နဲ့ ထိန်းချုပ် မောင်းနှင်ရတာ ဖြစ်ပေမယ့် M1A2တွေကတော့ Digital ထိန်းချုပ်စနစ်ဆီ ပြောင်းလဲသွားပြီး အရမ်းအဆင့်မြင့်တဲ့ နည်းပညာ ပေါင်းစပ်မှုတွေ ထည့်သွင်းပေးထားပါတယ်။

နောက်ပြီး M1A2တွေကို စစ်မြေပြင်မှာ ပိုပြီး မာကျော အစွမ်းထက်တဲ့ လက်နက်တွေ ဖြစ်လာအောင် အားဖြည့် သံချပ်ကာ တစ်မျိုးနဲ့ပါ ပံ့ပိုးပေးထားပါတယ်။ အဲဒီ သံချပ်ကာ နည်းပညာ တည်ဆောက်မှုကို အမေရိကန်က အထူးတလည် လျှို့ဝှက်ထားသလို ယူကရိန်းဆီ လွှဲပေးမယ့် တင့်ကားတွေမှာလည်း ထည့်ပေးလိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

M1A2တွေဟာ အရင်မျိုးဆက်ရဲ့ ဒီဇိုင်းဟောင်းကို အကြီးအကျယ် မွမ်းမံ ပြင်ဆင်မှုတွေ အားဖြည့်ထားတာဖြစ်ပြီး ပိုပြီး ပစ်အားပြင်းပြင်းနဲ့ ဝေးဝေးရောက်နိုင်တဲ့ အမြောက်၊ ကာကွယ်ရေး အစီအမံတွေနဲ့ တခြား ခေတ်မီ နည်းပညာတွေ ပေါင်းစပ်ထားလိုက်ပါတယ်။

အမေရိကန်ဟာ တခြားနိုင်ငံတွေဆီ တင်ပို့တဲ့ M1A2တွေမှာလည်း အဲဒီ အထူးသံချပ်ကာတွေကို တပ်ဆင်ပေးလေ့ မရှိပါဘူး။ ဒါပေမဲ့ တခြား အပိုဆောင်း သံချပ်ကာ အမျိုးအစားတွေကိုတော့ ပြည်ပကို တင်ပို့ခွင့် ပေးထားပါတယ်။

လောလောဆယ် အမေရိကန်မှာ M1A2 တင့်ကားတွေ အပိုလက်ဝယ် မရှိတာကြောင့် ယူကရိန်းဆီ ပို့ဆောင်မယ့် ကိစ္စက လပိုင်းလောက် ကြာဦးမယ်လို့လည်း ပင်တဂွန်က ဆိုပါတယ်။ အဲဒီ တင့်ကားတွေကို အိုဟိုင်ယို ပြည်နယ်က လီမာမြို့မှာရှိတဲ့ အစိုးရပိုင် စစ်လက်နက်ပစ္စည်း စက်ရုံမှာ တပ်ဆင် ထုတ်လုပ်ပါတယ်။ စက်ရုံက တစ်လကို တင့်ကား ၁၂ စီးလောက်သာ ထုတ်လုပ်နိုင်ပေမယ့် လက်ရှိ အချိန်မှာတောင် ထိုင်ဝမ်နဲ့ ပိုလန်ဆီက အမှာစာရင်းတွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

နိုင်ငံတကာ

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းဟာ ဆိုဗီယက်လုပ် ဘက်စုံသုံး တိုက်လေယာဉ်တွေနဲ့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်တာကြောင့် ဒီလေယာဉ်တွေ ယူဆောင်သွားဖို့ လေယာဉ်မှူးတွေမှာ ဘာအခက်အခဲမှာ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။