Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အနောက်နိုင်ငံတွေက တင့်ကားတွေ ပို့ဆောင်မယ်လို့ ကတိပြုပြီး နောက်တစ်နေ့မှာ ယူကရိန်းကို ရုရှားဒုံးကျည်မိုးရွာ

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ တစ်နေ့တည်းမှာတင် ပင်လယ်ပြင်နဲ့ ကုန်းတွင်းပိုင်းကနေ ယူကရိန်း နိုင်ငံအနှံ့ဆီ ဒုံးကျည် ၅၅ စင်း ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲမှာ ကိယက်ဗ် တဝိုက်ကို ဦးတည်တဲ့ အစင်း ၂၀ အပါအဝင် စုစုပေါင်း ဒုံးကျည် ၄၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

အနောက်နိုင်ငံတွေက တင့်ကားတွေ ပို့ဆောင်မယ်လို့ ကတိပြုပြီး နောက်တစ်နေ့မှာ ယူကရိန်းကို ရုရှားဒုံးကျည်မိုးရွာ
အနောက်နိုင်ငံတွေက တင့်ကားတွေ ပို့ဆောင်မယ်လို့ ကတိပြုပြီး နောက်တစ်နေ့မှာ ယူကရိန်းကို ရုရှားဒုံးကျည်မိုးရွာ

ယူကရိန်းဆီ စွမ်းဆောင်ရည်မြင့် တင့်ကားတွေ တင်ပို့ဖို့ အမေရိကန်နဲ့ ဂျာမနီတို့က ကတိပြုခဲ့ပြီး တစ်ရက် အကြာမှာပဲ ယူကရိန်း နိုင်ငံအနှံ့ကို ရုရှားက ဒုံးကျည်မိုး ရွာခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က ရုရှား ဒုံးကျည်တွေ ကျဆင်းလာတာကြောင့် ကိယက်ဗ် မြို့တော်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး အဆောက်အအုံ တစ်ခုကို ထိမှန်ခဲ့တဲ့ အတွက်လည်း ၁ ဦးသေပြီး ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတောင်ပိုင်းက အိုဒက်ဆာမြို့မှာလည်း ရုရှားဒုံးကျည်တွေ ထိမှန်လို့ လျှပ်စစ် ဓာတ်အား ဖြန့်ဝေမှုဆိုင်ရာ အဆောက်အအုံ ၂ ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းကို အနောက်နိုင်ငံတွေက တင့်ကားတွေ ထောက်ပံ့ပေးခြင်းဟာ စစ်ပွဲမှာ NATO မဟာမိတ်တွေက တိုက်ရိုက် ပါဝင်လာတဲ့ သဘောလို့ ယူဆကြောင်း ရုရှားက ကြေညာပြီးတဲ့နောက် အခုလို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ တစ်နေ့တည်းမှာတင် ပင်လယ်ပြင်နဲ့ ကုန်းတွင်းပိုင်းကနေ ယူကရိန်း နိုင်ငံအနှံ့ဆီ ဒုံးကျည် ၅၅ စင်း ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲမှာ ကိယက်ဗ် တဝိုက်ကို ဦးတည်တဲ့ အစင်း ၂၀ အပါအဝင် စုစုပေါင်း ဒုံးကျည် ၄၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဒုံးကျည် တစ်စင်းဟာ ကိယက်ဗ် တောင်ပိုင်းက လူနေအိမ် မဟုတ်တဲ့ အဆောက်အအုံ တစ်ခုကို တိုက်ရိုက် ထိမှန်ရာက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ရာသီဥတု အေးခဲနေတဲ့ လက်ရှိ ဆောင်းတွင်း ကာလမှာ ယူကရိန်းရဲ့ အရပ်ဖက် ဓာတ်အားပေး စက်ရုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ယူကရိန်း နိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး ပြည်သူတွေ အကြီးအကျယ် ဒုက္ခ ရောက်နေကြပါတယ်။ ဒါပေမဲ့ ရုရှား စစ်တပ်ကတော့ သူတို့ဟာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြောင်ပြောင်တင်းတင်းပဲ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

နိုင်ငံတကာ

ရုရှား စစ်ဘက် ထောက်လှမ်းရေး အရာရှိတွေက ကီရီယက်ဗစ်ခ် မြို့ထဲမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်း ဒရုန်းဟာ Tu-141 Strizh အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒရုန်းပျက်ကျချိန်မှာ မြို့ထဲက အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ယူကရိန်းဟာ ဆိုဗီယက်လုပ် ဘက်စုံသုံး တိုက်လေယာဉ်တွေနဲ့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်တာကြောင့် ဒီလေယာဉ်တွေ ယူဆောင်သွားဖို့ လေယာဉ်မှူးတွေမှာ ဘာအခက်အခဲမှာ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

သတင်း

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။