Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကိုအမိန့်ချမယ့်ရက်ချိန်း စစ်ကောင်စီရွှေ့ဆိုင်း

ကနဦးက အဲဒီအမှုအတွက်ဒီနေ့မှာ မြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ အမိန့်ချဖို့စစ်ကောင်စီက ချိန်းဆိုထားတာပါ။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကိုအမိန့်ချမယ့်ရက်ချိန်း စစ်ကောင်စီရွှေ့ဆိုင်း
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကိုအမိန့်ချမယ့်ရက်ချိန်း စစ်ကောင်စီရွှေ့ဆိုင်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာအလွဲသုံးမှုနဲ့ စွပ်စွဲထားတဲ့အမှုအတွက်စစ်ကောင်စီက အမိန့်ချမယ့်ရက်ကို လာမယ့် ဖေဖော်ဝါရီလ ၃ ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးထံကသိရပါတယ်။

ကနဦးက အဲဒီအမှုအတွက်ဒီနေ့မှာ မြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ အမိန့်ချဖို့စစ်ကောင်စီက ချိန်းဆိုထားတာပါ။

အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးလို့ ရက်ရွှေ့လိုက်တာကိုကြားသိရတယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပြပါတယ်။

မြို့တော်ဝန် ဒေါက်တာ ရဲလွင်နဲ့ စည်ပင်ကော်မတီ ဦးကျော်ဇေယျတို့ ကို အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီထောင်ဒဏ်ဟာ ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလအတွင်း ပြစ်ဒဏ်စေ့ပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ဘဲ နိုင်ငံဘဏ္ဍာအလွဲသုံးမှု ပုဒ်မတပ်ကာ ဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။