Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁၁လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သုံးလုံးမှာ ချို့ယွင်းမှုဖြစ်၍ မကွဲခဲ့ကြောင်း Unicorn – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်နေစဉ်)
(စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်နေစဉ်)

▪️စစ်အုပ်စုပစ်ခတ်၍ ပြည်သူနှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ ရှင်လှတောင်ကျေးရွာတွင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇန်နဝါရီ ၃၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မတ္တရာမြို့နယ် ၊ ရှင်လှတောင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ဦးခန့်သည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းလိုက်လံကောက်နေ၍ ဒရုန်း ငါးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း၊ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူ နှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်(ပကဖ) အဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁၁လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သုံးလုံးမှာ ချို့ယွင်းမှုဖြစ်၍ မကွဲခဲ့ကြောင်း Unicorn – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က ဘုန်းကြီးကျောင်းဝင်းထဲမှာတပ်စွဲထားတာပါ။ အဲကောင်တွေ အပြင်ကို မထွက်ရဲတော့ဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Unicorn – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကောင်းကင်၏တော်လှန်ရေးအင်အားစု၊ADRF (madaya)၊ SKY HERO (madaya)၊ ဒေါင်းစစ်သည် (မတ္တရာ)၊ Peacock Warrior Force၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ကျေးရွာများနှင့်ကျွန်းပေါ်ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်