Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးအတွက် နိုင်ငံတကာက ဦးစားပေး လုပ်ဆောင်သင့်တာတွေကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အကြံပြု

သူက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့အတွက် အဓိက အချက် ၃ ခုကို အားထည့် လုပ်ဆောင်သင့်တယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

(ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ဓါတ်ပုံ-NUG-MOFA)
(ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ဓါတ်ပုံ-NUG-MOFA)

မြန်မာ့ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းက လက်ရှိထက်ပိုပြီး ထဲထဲဝင်ဝင် ဖိဖိစီးစီး ဆောင်ရွက်သင့်တဲ့ အပိုင်းတွေကို ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက အကြုံပြုသွားပါတယ်။

သူက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့အတွက် အဓိက အချက် ၃ ခုကို အားထည့် လုပ်ဆောင်သင့်တယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement
Public Service Announcement

ပထမဆုံး အချက်ကတော့ နိုင်ငံတကာ အသိုက်အဝန်း (အထူးသဖြင့် မြန်မာ့ အိမ်နီးချင်းတွေ၊ ကဏ္ဍအလိုက် အလှူရှင်တွေ) အနေနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ပိုပြီး ထိထိရောက်ရောက် ပေါင်းစည်း လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ် အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေသူတွေကို ဘယ်လို ခွဲခြားသတ်မှတ်မှုမှ မထားဘဲ ဖြစ်နိုင်သမျှ လမ်းကြောင်း အားလုံးကနေ အကူအညီပေးမှုတွေ အရှိန်မြှင့်တင်ဖို့လို့ ဟေဇာက ဆိုပါတယ်။ အဲဒီလို အကူအညီ ပေးရာမှာလည်း နယ်စပ်ဖြတ်ကျော် ထောက်ပံ့မှုတွေ တိုးမြှင့်တာ၊ အစီရင်ခံမှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီး သက်ညှာ လျှော့ပေါ့ပေးတာမျိုးတွေ ဆောင်ရွက်ပေးခြင်းတာက တကယ်တမ်း အကူအညီ အရမ်းလိုအပ်နေသူတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ခပ်မြန်မြန် ရောက်ရှိနိုင်အောင် တွန်းအား ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းက ပိုမို ခိုင်မာတဲ့ ရပ်တည်ချက် တစ်ခုခုကို စုပေါင်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အကိုင်အတွယ် မတတ်ရင် လက်ရှိ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကို ပိုပြီး လောင်စာဖြည့်ပေးရာ ရောက်နိုင်သလို ပဋိပက္ခက သက်တမ်းပိုရှည်ကြာပြီး နိုင်ငံရဲ့ ပြန်လည် တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး ရည်မှန်းချက်တွေ ခက်သထက် ခက်သွားနိုင်တယ်လို့ ဟေဇာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တတိယ အချက်အဖြစ် မြန်မာနိုင်ငံမှာ ရှိနေတဲ့ အရပ်သား ပြည်သူတွေအပြင် ဒေသတွင်းကို ဖြန့်ကျက် ရောက်ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေကိုပါ ထိထိရောက်ရောက် ကူညီ ကာကွယ်ပေးဖို့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အစီအမံတွေ အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်။ အဲဒီလို အစီအမံတွေထဲမှာဆိုရင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်ရေး ကွင်းဆင်း စောင့်ကြည့်မှု ယန္တရားတွေ ဖော်ဆောင်တာမျိုး၊ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ပပျောက်ရေးအတွက် အာရုံစူးစိုက် ဆောင်ရွက်တာမျိုးတွေအပြင် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာဖို့ အတင်းအကျပ် ဖိအားပေး ခံရသူတွေကို အကာအကွယ် ပေးနိုင်ရေး ဒေသတွင်း မူဘောင်တွေ ချမှတ်တာတွေထိ ပါဝင်ရမှာ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံက ပြည်သူတွေအပေါ် ရန်လိုပြီး အန္တရာယ်ပေးနေသူတွေ ရှိနေသ၍တော့ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လက်တွေ့ကျကျ ပြန်စတင်ဖို့ မဖြစ်နိုင်သလောက်ပဲလို့လည်း ဟေဇာက ထောက်ပြပါတယ်။ အရေးကြီးတာက အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ အပါအဝင် အကြမ်းဖက် လုပ်ဆောင်နေတာတွေအပြင် နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေး လှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေ အပါအဝင် လူပေါင်းများစွာကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေတာတွေကို ရပ်တန့်နိုင်ဖို့ ဖြစ်တယ်လို့လည်း ဟေဇာက တိုက်တွန်း နှိုးဆော်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။