Connect with us

Hi, what are you looking for?

သတင်း

တကောင်းနီကယ်စက်ရုံဂိတ်ကို မိုင်းဆွဲတိုက်ခိုက် ရဲနှစ်ဦး​သေဆုံးဟုထီးချိုင့်PDF တာဝန်ရှိသူ​ပြော

တကောင်းနီကယ်စက်ရုံဂိတ်ကိုယမန်နေ့(ဖေဖော်ဝါရီ၃ ရက်)ညနေ ၃ နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တ​ကောင်းနီကယ်စက်ရုံ။ ။ဓါတ်ပုံ-CJ)
(တ​ကောင်းနီကယ်စက်ရုံ။ ။ဓါတ်ပုံ-CJ)

ထီးချိုင့်မြို့၊ တကောင်းနီကယ်စက်ရုံဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်ရဲနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တကောင်းနီကယ်စက်ရုံဂိတ်ကိုယမန်နေ့(ဖေဖော်ဝါရီ၃ ရက်)ညနေ ၃ နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နီကယ်ဂိတ်ကို မနေ့ကညနေက မိုင်းဆွဲခဲ့တာ။ရဲနှစ်ကောင် တစ်စစီဖြစ်သွားတယ်” ဟု ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။စစ်​ကောင်စီရဲများထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ယခုရက်ပိုင်းထီးချိုင့်ဒေသတိုက်ခိုက်မှုများတွင်စစ်ကောင်စီတပ်အထိနာနေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီလ ၂ရက် နံနက်အစောပိုင်းကလည်းထီးချိုင့်မြို့၊မြတောင်လမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီးတစ်ဦးကိုအရှင်ဖမ်းမိခဲ့သည်။ သေနတ်(၄)လက်ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

ထိုအပြင်မြတောင်လမ်းဆုံနေရာသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တကောင်း) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။သပိတ်ကျင်းမြို့နယ် (၇) မိုင်တပ်မှ စစ်ကောင်စီတပ်ကခြောက်ဘီးကား နှစ်စီးအပြည့်ဖြင့်လိုက်လာစဉ် ပြည်သူ့ကာကွယ်ရေးမဟာ

မိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တကောင်း)က ထုတ်ပြန်ထားသည်။

တ​ကောင်းနီကယ်သတ္ထုထုတ်လုပ်မှုစီမံကိန်းကို၂၀၀၈ ခုနှစ် ဇူလိုင်မှ စတင်ကာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်ကုမ္ပဏီ Myanmar CNMC Nickel တို့က အကျိုးတူပူး​ပေါင်းလုပ်ကိုင်​နေခြင်းဖြစ်သည်။ ထိုစီမံကိန်းစာချုပ်ကာလမှာ နှစ် ၂၀ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။