Connect with us

Hi, what are you looking for?

သတင်း

အိမ်ခြေ ၄၀၀ကျော်ရှိသည့်ထီးချိုင့်မြို့နယ်မှလေသာရွာကို စစ်ကောင်စီတပ် မီးရှို့ရာ ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး ပျက်စီး

စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ရက်မှစ၍ ထီးချိုင့်နယ်ရှိ ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အလယ်တော၊ အင်းတိန် နှင့် လေသာရွာတို့ကို အစဉ်လိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

(ထီးချိုင့်မြို့နယ်​လေသာရွာကို စစ်တပ်ကမီးထပ်ရှို့ ၍ ယ​နေ့မနကွယ်မီး​လောင်​နေသည်ကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-TR)
(ထီးချိုင့်မြို့နယ်​လေသာရွာကို စစ်တပ်ကမီးထပ်ရှို့ ၍ ယ​နေ့မနကွယ်မီး​လောင်​နေသည်ကိုအ​ဝေးမှ​တွေ့ရမှု ။ဓါတ်ပုံ-TR)

စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ် လေသာရွာကို စစ်ကောင်စီတပ်က ယမန်နေ့နှင့် ယနေ့မနက်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီးယနေ့မွန်းလွဲပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ရက်မှစ၍ ထီးချိုင့်နယ်ရှိ ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အလယ်တော၊ အင်းတိန် နှင့် လေသာရွာတို့ကို အစဉ်လိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

“ဘုန်းကြီးကျောင်းကြီးကိုပါမီးရှို့ပစ်လိုက်တာ။ ရွာအခြေအနေကတော့ အိမ်ခြေ ၄၀၀ ကျော်တဲ့အုပ်စုရွာကြီးတစ်ရွာဟာ အစွန်အဖျားလောက်က အိမ်လေးတွေလောက်ပဲကျန်မယ်ဗျ အခုအနေအထားမှာ မီးတော့ မငြိမ်းသေးဘူး။ ဒီနေ့မနက် ၈နာရီလောက်ကစပြီးတော့ ဒုတိယအကြိမ်ပြန်ရှို့တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ နိုဝင်ဘာ ၃၀ရက်က စစ်ကောင်စီတပ် မီးစရှို့ချိန် ဒေသခံ ကာကွယ်ရေးတပ်များနှင့် ဒေသခံများ ပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

“မနေ့က ထိတွေ့မှုအခြေအနေကကျနော်တို့ဘက်ကရဲဘော်တစ်ယောက် ဒဏ်ရာရပါတယ်။ သူတို့ဘက်က အဲဒီအထဲကိုတော့ ထဲထဲဝင်ဝင်ကြည့်လို့မရဘူး။ ညတုန်းကသတင်းအသံကြားတာတော့ တပ်စိတ်တစ်စိတ် နီးပါးလောက် သူတို့ တော်တော်အပြင်းအထန်ဒဏ်ရာရလိုက်တယ်အသေအပျောက်တွေလည်းရှိတယ်လို့ ကြားရပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ရွာမီးရှို့သည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၇ရက်ကလည်း ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာ ၂၇ရက်တွင်အလယ်တောရွာ ဘုရားကုန်း၊ နိုဝင်ဘာ ၂၈ရက်တွင် လေသာရွာဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။