Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာတွင်စစ်ကောင်စီ၏မြို့ရေပေးရေးစီမံကိန်းဖွင့်ပြီး​နောက်​ရေပိုပြတ်​နေ

မိတ္ထီလာမြို့နယ်၌ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများလည်း ပိုမိုများပြားလာပြီး နယ်ထိန်းနှင့်အုပ်ချုပ်ရေးမှူးများအား လာဘ်ငွေပေးကာအကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(မိတ္ထီလာမြို့ပေါ်၌ စစ်​ကောင်စီစည်ပင်၏ရေပေးဝေသောပိုက်များအား တွေ့ရစဥ်။ဓါတ်ပုံ-CJ )
(မိတ္ထီလာမြို့ပေါ်၌ စစ်​ကောင်စီစည်ပင်၏ရေပေးဝေသောပိုက်များအား တွေ့ရစဥ်။ဓါတ်ပုံ-CJ )

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီက မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲပြုလုပ်ပြီးနောက် မြို့ပေါ်ရေပေးဝေနိုင်ခြင်းမရှိတော့ကြောင်း မြို့ခံများက ပြောကြားသည်။

မိတ္ထီလာမြို့တွင်စစ်ကောင်စီ၏စည်ပင်ဌာနကရေမီတာကြေးများအား လစဥ်ပုံမှန်လာကောက်နေသော်လည်း မြို့ပေါ်ရပ်ကွက်အများစု ရေမရ၍ အခက်အခဲတွေ့နေကြောင်း၊ ရေမလာသည်မှာ ရပ်ကွက်တစ်ခုနှင့်တစ်ခုမတူညီဘဲ အချို့ရပ်ကွက်များမှာ ၃ လမှ ၆လတိုင်​အောင်ကြာမြင့်နေပြီဖြစ်ကြောင်း​ဒသခံများကပြောသည်။

“ရေမလာတာလနဲ့ချီနေပါပြီ။ ပေးချင်တဲ့လိုင်းကျပေးပါတယ်။ရေပေးတဲ့သူကတချို့အိမ်တွေကို ရေလှပ်တဲ့ဂေါက်ပေးထားတော့ရေအလျှံပယ်ရတဲ့သူတွေလည်းရှိတယ်။ သုံးလမက ကြာနေတဲ့ ရပ်ကွက်လည်းရှိပါတယ်။”ဟု မြို့ခံတစ်ဦးကပြောသည်။

သို့သော် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မတ်လအတွင်းက ၇၇ ကြိမ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည်ဆိုကာ မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်း (Water Treatment Plant )နေရာ၌ ကျင်းပခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ထိုစဥ်က အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးဆိုသူ ဦးလှမိုးက မြို့ရေပေးရေးစီမံကိန်းမှ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်သုံးခုရှိ လူဦးရေ ၃၄၅၀၀ဦး ၊ အိမ်ထောင်စု ၇၀၀၀ ခန့်ကို သန့်ရှင်းသည့် သောက်သုံးရေကို ဖြန့်ဝေပေးနိုင်မည်ဖြစ်၍ မိတ္ထီလာမြို့ ရေပေးရေးလွှမ်းခြုံမှုကို မူလ ၄၅ ရာခိုင်နှုန်း ခန့်ရှိရာမှ ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ပြောဆိုသွားခဲ့သည်။

Public Service Announcement
Public Service Announcement

သို့သော်လက်တွေ့တွင် ထိုစီမံကိန်းဖွင့်ပြီး​နောက်ယခင်ထက်ပင်ပိုဆိုး​နေပြီး မြို့ပေါ်ရေပေးဝေခြင်းမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း မိတ္ထီလာမြို့တွင် လျှပ်စစ်မီးပေးချိန်အဆမတန်လျော့နည်းသွားသော်လည်း မီတာခမှာ အာဏာမသိမ်းခင် မီးမပျက်ခင်ကနှုန်းအတိုင်းပင် ပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

“မီးကဖြင့်တစ်ရက်ကို၈နာရီတောင်မလာဘူး။မီတာလည်းလတိုင်းလာမဖတ်ဘဲနဲ့။ တစ်လကိုလဲသုံးသောင်းကျော်ကျတယ်။ မီတာမဆောင်တော့ဖြတ်မယ်တဲ့။”ဟု မြို့ခံတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့နယ်၌ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများလည်း ပိုမိုများပြားလာပြီး နယ်ထိန်းနှင့်အုပ်ချုပ်ရေးမှူးများအား လာဘ်ငွေပေးကာအကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။