Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်တွင်တိုက်ပွဲဖြစ်ပြီး​နောက် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ဘုရား​ကျောင်းအပါအဝင်​အ​ဆောက်အအုံ ၂၀ ​ကျော်ပျက်စီး

ကရင်နီဒေသရှိစစ်ရှောင်စခန်းများ နှင့် ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းဖြင့်ပါ တိုက်ခိုက်အကြမ်းဖက်မှုများမှာယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုပြုလုပ်လာသည်။

("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)
("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)

– “ပေါက်ကွဲတဲ့ လက်နက်ကြီး အခွံ ချည်းပဲအလုံး ၇၀ ကျော် တွေ့တယ်”-​ဒေသခံပြည်သူတစ်ဦး

လွိုင်ကော်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီး​နောက်စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးဖြင့်ပစ်ခတ်​သော​ကြောင့် အဆောက်အဦး ၂၀ ကျော်ပျက်စီးခဲ့ကြောင်း တိုးတက်သော ကရင်နီအင်အားစု PKPF က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၄ ရက်)တွင်တိုက်ပွဲပြင်းထန်ပြီနာက် ည ၁၀ နာရီ ခွဲခန့်အ​ရောက်တွင်စစ်တပ်က လွိုင်ကော်မြို့ဝါရီကောခူကျေးရွာနှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)
(“ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း” လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)

“မနေ့ကလွိုင်ကော်မှာ စစ်ကောင်စီတပ်ကို တိုက်ရင်းတိုက်ပွဲက တော်တော်ပြင်းထန်သွားတယ်။ဒါပေမယ့် ဖြစ်တဲ့နေရာနဲ့ အခု လက်နက်ကြီး အပစ်ခံရတဲ့ နေရာနဲ့က ဘာမှမဆိုင်ဘူး။ပေါက်ကွဲတဲ့ လက်နက်ကြီး အခွံ ချည်းပဲအလုံး ၇၀ ကျော် တွေ့တယ်”ဟုကရင်နီဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်က ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများစွာ​တွေ့ရသလို ၊ “ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း”ကိုလက်နက်ကြီးကျည်ထီးမှန်၍အမိုးပွင့်၍ပျက်စီး​နေသည်ကိုလည်း PKPF မှ ထုတ်ပြန်ထား​သောသတင်ဓါတ်ပုံများနှင့် ​ဒေသခံအချို့​ပေးပို့​သော ဓါတ်ပုံများတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)
(“ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း” လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)

လွှိင်​ကော်မြို့နယ်တွင် ​ဖေ​ဖော်ဝါရီ ၄ ရက်ကဖြစ်ပွား​သောတိုက်ပွဲအ​ခြေအ​နေနှင့်ပတ်သပ်၍ People’s Spring ကသတင်းအ​သေးစိပ်မရရှိ​သေးဘဲ သတင်းရရှိလျှင်ထပ်မံ​ဖော်ပြ​ပေးပါမည်။

ကရင်နီဒေသရှိစစ်ရှောင်စခန်းများ နှင့် ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းဖြင့်ပါ တိုက်ခိုက်အကြမ်းဖက်မှုများမှာယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုပြုလုပ်လာသည်။

“လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အသားကျနေတဲ့ ဖက်ဆစ်မြန်မာစစ်တပ်ကြောင့် ကရင်နီစစ်ဘေးရှောင်ပြည်သူတွေဟာနေ့ညမရွေးထိတ်လန့်စွာအသက်ရှင်နေထိုင်‌ နေရပါတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က ပြောသည်။

("ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း" လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)
(“ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း” လက်နက်ကြီးကျည်ထိသဖြင့်ပျက်စီး​နေမှုနှင့် စစ်​ကောင်စီတပ်ပစ်ခတ်​သောလက်နက်ကြီးကျည်အစိတ်အပိုင်းများ။ ဓါတ်ပုံ-PKPF/CJ)

ထို့အပြင် ​ဖေ​ဖော်ဝါရီလ ၃ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ်၊ စစ်ရှောင်နေရာတစ်ခုကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်​သော​ကြောင့် ဆေးခန်း၊ရိက္ခာဂိုဒေါင်၊ စာသင်ကျောင်းတို့ လုံးဝပျက်ဆီးခဲ့သည်။

ဇန်နဝါရီလအတွင်းက ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် ၊ဘော်လခဲ နှင့် ရွာသစ်မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ၏လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေ အိမ် (၅) လုံး၊ ဘုန်း ကြီး ကျောင်း(၂)ကျောင်း နှင့် စေတီတစ်ဆူ ပျက်စီးခဲ့သည်။ထိုအပြင်ပြည်သူ တစ်ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့ရကာ ၅ ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။