Connect with us

Hi, what are you looking for?

News

ကုလမှာ NUGက တင်သွင်းတဲ့ကိုယ်စားလှယ်ကို ထောက်ခံဖို့ မေတ္တာရပ်ခံစာပေးပို့တဲ့အစီအစဉ်စတင်

ကမ္ဘာအရပ်ရပ်က မည်သူမဆိုပါဝင်နိုင်ပြီး အင်တာနက်စာမျက်နှာ (https://crph-nugsupportaustralia.org/recognise-nug-reject…/…) ကနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကိုယ်စားလှယ်ကို ထောက်ခံဖို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးတွေဆီ မေတ္တာရပ်ခံစာပေးပို့တဲ့အစီအစဉ်ကို CRPH/NUG Support Group (Australia) က စတင်လိုက်ကြောင်း ဒီနေ့ကြေညာပါတယ်။

ကမ္ဘာအရပ်ရပ်က မည်သူမဆိုပါဝင်နိုင်ပြီး အင်တာနက်စာမျက်နှာ (https://crph-nugsupportaustralia.org/recognise-nug-reject…/…) ကနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အထက်ပါ အင်တာနက်စာမျက်နှာကိုဝင်ရောက်ပြီးတာနဲ့ နိုင်ငံအမည်ကို ရွေးချယ်၊ နာမည်နဲ့ အီးမေးလ်ဖြည့်ပြီးတာနဲ့ Send my email ကို နှိပ်လိုက်တာနဲ့ လုပ်ငန်းစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဟာ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး ညီလာ ခံကာလအတွင်း မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်ကို ရွေးချယ်မှာဖြစ်ပြီး NUG ကတင်သွင်းတဲ့ ကိုယ်စားလှယ်ဖြစ် မလား၊ စစ်ကောင်စီက တင်သွင်းတဲ့ကိုယ်စားလှယ်ဖြစ်မလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘဲ မြန်မာကိုယ်စားပြုထိုင်ခုံကို အလွတ်ထားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို