Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလမှာ NUGက တင်သွင်းတဲ့ကိုယ်စားလှယ်ကို ထောက်ခံဖို့ မေတ္တာရပ်ခံစာပေးပို့တဲ့အစီအစဉ်စတင်

ကမ္ဘာအရပ်ရပ်က မည်သူမဆိုပါဝင်နိုင်ပြီး အင်တာနက်စာမျက်နှာ (https://crph-nugsupportaustralia.org/recognise-nug-reject…/…) ကနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကိုယ်စားလှယ်ကို ထောက်ခံဖို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးတွေဆီ မေတ္တာရပ်ခံစာပေးပို့တဲ့အစီအစဉ်ကို CRPH/NUG Support Group (Australia) က စတင်လိုက်ကြောင်း ဒီနေ့ကြေညာပါတယ်။

ကမ္ဘာအရပ်ရပ်က မည်သူမဆိုပါဝင်နိုင်ပြီး အင်တာနက်စာမျက်နှာ (https://crph-nugsupportaustralia.org/recognise-nug-reject…/…) ကနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အထက်ပါ အင်တာနက်စာမျက်နှာကိုဝင်ရောက်ပြီးတာနဲ့ နိုင်ငံအမည်ကို ရွေးချယ်၊ နာမည်နဲ့ အီးမေးလ်ဖြည့်ပြီးတာနဲ့ Send my email ကို နှိပ်လိုက်တာနဲ့ လုပ်ငန်းစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဟာ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး ညီလာ ခံကာလအတွင်း မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်ကို ရွေးချယ်မှာဖြစ်ပြီး NUG ကတင်သွင်းတဲ့ ကိုယ်စားလှယ်ဖြစ် မလား၊ စစ်ကောင်စီက တင်သွင်းတဲ့ကိုယ်စားလှယ်ဖြစ်မလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘဲ မြန်မာကိုယ်စားပြုထိုင်ခုံကို အလွတ်ထားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။