Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြိုင်မြို့နယ် ဒေသခံတွေ ဗုံးခိုကျင်းကြိုတူးထား

စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိလာရင် ကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရတာလို့လည်း ပြောပြကြပါတယ်။

ဓာတ်ပုံ − MOHADM၊ မြေပြင်မှာတွေ့မြင်ရတဲ့ ဗုံးခိုကျင်း
ဓာတ်ပုံ − MOHADM၊ မြေပြင်မှာတွေ့မြင်ရတဲ့ ဗုံးခိုကျင်း

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာအချို့ မှာ ဗုံးခိုကျင်းတွေ တူးထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိလာရင် ကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရတာလို့လည်း ပြောပြကြပါတယ်။

ဓာတ်ပုံ − MOHADM၊ မြေပြင်မှာတွေ့မြင်ရတဲ့ ဗုံးခိုကျင်း
ဓာတ်ပုံ − MOHADM၊ မြေပြင်မှာတွေ့မြင်ရတဲ့ ဗုံးခိုကျင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက မြိုင်မြို့နယ်ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် မြိုင်နယ်တဝိုက်မှာ ဗုံးခိုကျင်းတွေတူးလာကြတာပါ။

Public Service Announcement
Public Service Announcement

” ကျေးရွာတိုင်းတော့ မဟုတ်သေးပေမယ့် စစ်ကြောင်းထိုးလာနိုင်တဲ့ရွာတွေအကုန်နီးပါး ပြင်ဆင်ထားကြတယ်”လို့ မြိုင်ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − MOHADM၊ မြေပြင်မှာတွေ့မြင်ရတဲ့ ဗုံးခိုကျင်း
ဓာတ်ပုံ − MOHADM၊ မြေပြင်မှာတွေ့မြင်ရတဲ့ ဗုံးခိုကျင်း

NUG အစိုးရကလည်း ပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတူးရာမှာ ကိုးကားနိုင်ဖို့အကြံပြုချက်တွေကိုပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်အသိပေးတာရှိပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုတွေအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေကြိုတင်ပြင်ဆင်တူးဖော်ထားကြဖို့ ၊ လေယာဉ်သံကြားရင် ဦးတည်ရာမဲ့ ပြေးလွှားတာမျိုးမလုပ်ဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ ဟင်းလင်းပြင်တွေမှာ စုဝေးတာမျိုးရှောင်ရှားကြဖို့ NUG အစိုးရက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။