Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်အုပ်စုကို သေနတ်ပစ်ဖောက်မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်)ညနေပိုင်းက မြိုင်မြို့နယ် သရက်ကန်ကျေးရွာအနီး သေနတ်ပစ်ဖောက်မှုကြောင့် အဆိုပါကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၃၀ခန့်သည် ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-ပြည်သူ့အားမာန်
ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-ပြည်သူ့အားမာန်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးရွာရှိသော စစ်အုပ်စုကို သေနတ်ပစ်ဖောက်မျှားခေါ်ပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့အားမာန်ကာ ကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့်အုပ်ကြီးနှင့် စစ်ကောင်စီတပ်​၏ ဗိုလ်အဆင့်ရှိသူတို့ ထိခိုက်သေဆုံးမှုရှိကြောင်း ၎င်းက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်)ညနေပိုင်းက မြိုင်မြို့နယ် သရက်ကန်ကျေးရွာအနီး သေနတ်ပစ်ဖောက်မှုကြောင့် အဆိုပါကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၃၀ခန့်သည် ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆိုင်ကယ် နှစ်စီး တိုက်မိုင်း မိသွားခဲ့ကြောင်း၊ တိုက်မိုင်း လေးလုံးထောင်ထားခဲ့ပြီး လေးလုံးစလုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ရာ ဆိုင် ကယ်ပေါ်စီးနင်းလာသော ပျူ လေးဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရသူများနိုင်ကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးဝင်းရှိန်၊ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ် တစ်ဦး စုစုပေါင်း သုံးဦးသေဆုံးပြီး ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“ထွက်လိုက်တတ်တာကြားလို့ မိုင်းကွင်းဆင် သေနတ်ဖောက်ပြီး မြှူတာ။ကျွန်တော်တို့ဘက်က သေနတ်သံပေးပြီး နောက်မှာ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF၊ TYK ​ပျောက်ကကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ စကြာ် ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပ.က.ဖ (ခွဲ ၄))တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သရက်ကန်ကျေးရွာသည် စစ်ကောင်စီတပ်၏ လက်နက်တပ်ဆင်ပေးထားသော ပျူရွာတစ်ရွာဖြစ်ပြီး ဒေသတော်လှန်ရေးအင်အားစုများနှင့် မကြာခဏထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။