Connect with us

Hi, what are you looking for?

သတင်း

KIAတပ်ရင်း(၂၇)နယ်မြေ၌ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း (၂၇) နယ်မြေ၌ စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ယခုရက်အတွင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာ၍ KIA အမှတ်(၃) တပ်မဟာနှင့် အမှတ်(၆)တပ်မဟာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ KIA တပ်ရင်း(၂၇) နယ်မြေ၌ ဖေဖော်ဝါရီ ၈ရက်ကစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်ကလည်း စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခလရ (၄၇)၊ ခလရ(၄၂၄)၊ ခလရ(၂၅၀) ခမရ(၃၁၉)၊ ခမရ(၆၀၁)ပူးပေါင်းတပ် နှင့် KIAတို့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများပြားကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများကို မိန်ဝိန်းဘက်မှ ဖြတ်သန်းကာ နမ့်ခမ်းဆေးရုံဘက် သယ်ဆောင်သွားသည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရှမ်းမြောက်ဒေသရှိ KIA အမှတ်(၆) တပ်မဟာ၊ အမှတ်(၉)တပ်ရင်းနယ်မြေ၌ ဖေဖော်ဝါရီ ၉ရက်နေ့က စစ်ကောင်စီတပ်ယာဉ်ကို KIAက ကြားဖြတ်တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့မှ စစ်အင်အား လက်နက်ခဲယမ်း စားနပ်ရိက္ခာအပြည့် ဖြည့်တင်းကာ မော်တော်ယာဉ်များဖြင့် နမ့်ဖက်ကာဘက် စစ်ရေးလှုပ်ရှားလာစဉ် KIAက ကြားဖြတ်စောင့်ကြိုတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်ကလည်း ကွတ်ခိုင်မြို့နှင့် နမ့်ဖက်ကာအကြားတွင် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြမထားပေ။

KIA အမှတ်(၅) တပ်မဟာနယ်မြေအတွင်းရှိ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာ အနီးသို့လည်း စစ်ကောင်စီတပ်က အင်အား ၁၃၀ခန့်ဖြင့် ကျေးရွာများရှိ စာသင်ကျောင်းနှင့် ဘုန်ကြီးကျောင်းများ၌ စခန်းချလှုပ်ရှားနေ၍ တိုက်ပွဲများဖြစ်ပွားလာမည်ကို ပြည်သူများက စိုးရိမ်နေကြရသည်ဟု ဆိုသည်။https://www.ludunwayoo.com/news-mm/2023/02/05/67005/

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။