Connect with us

Hi, what are you looking for?

သတင်း

ငြိမ်းချမ်းသည့် နိုင်ငံဖြစ်ပေါ်လာရေး လက်တွဲညီညီဖြင့် စစ်အုပ်စုကိုဖယ်ရှားရန် NUG ယာယီသမ္မတနှင့် CRPH ဥက္ကဋ္ဌ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

ငြိမ်းချမ်းပြီး တရားမျှတသည့်လူ့အဖွဲ့အစည်း တစ်ခုနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ရေး လက်တွဲညီညီ ကြိုးပမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

ယနေ့ ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ်မြောက် အခမ်းအနားတွင် ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ အာဏာရှင်များ၏ ရက်စက်မှုကို ခါးစည်းခံနေရခြင်းများ ကြုံနေရသော်လည်း အနာဂတ်သည် ဝေဝါးမနေကြောင်း ယာယီသမ္မတက ပြောသည်။

ငြိမ်းချမ်းသည့် နိုင်ငံဖြစ်ပေါ်လာရေး လက်တွဲညီညီဖြင့် စစ်အုပ်စုကိုဖယ်ရှားရန် NUG ယာယီသမ္မတနှင့် CRPH ဥက္ကဋ္ဌ တိုက်တွန်း
ငြိမ်းချမ်းသည့် နိုင်ငံဖြစ်ပေါ်လာရေး လက်တွဲညီညီဖြင့် စစ်အုပ်စုကိုဖယ်ရှားရန် NUG ယာယီသမ္မတနှင့် CRPH ဥက္ကဋ္ဌ တိုက်တွန်း

လက်နက်ကို လက်နက်ဖြင့် တုံ့နှင်းရန် ကြိုးစားမှုသည် ရင်းနှီးမြှုပ်နှံမှု အင်မတန်ကြီးမားကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာခဲ့ရမှုများသည် နွေဦးတော်လှန်ရေးအတွက် အလဟသ မဖြစ်စေရဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ခြင်းရောင်ခြည်တွေ ပေါ်လာနေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မျှော်လင့်ချက်ပန်းတိုင်ကိုရောက်ဖို့ အတူတကွ လက်တွဲညီညီ ဆက်လက်ကြိုးစားကြပြီး စစ်မှန်တဲ့ နိုင်ငံတော်သစ် တစ်ရပ် ထူထောင်နိုင်ဖို့ စစ်အုပ်စုကို အားလုံးဝိုင်းဖယ်ရှားကြပါစို့”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း လက်ရှိကာလသည် ဖက်ဆစ်စစ်အုပ်စု၏ မတရားအာဏာသိမ်းမှု ကျူးလွန်နေခြင်းအား တွန်းလှန်နေရခြင်းဖြစ်ကြောင်းပြောသည်။

အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းသော သမိုင်းအမွေအဖြစ် ထာ၀ရ ငြိမ်းချမ်းသည့်နိုင်ငံကို ချန်ရစ်ထားနိုင်စေရန် ဆက်လက်ကြိုးစား ကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားလူမျိုးအားလုံး အတူယှဉ်တွဲနေထိုင်နိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အခုထက်ပိုမိုတဲ့ စည်းလုံးညီညွတ်မှုတွေနဲ့အတူ လက်တွဲကြိုးပမ်းသွားကြပါစို့”ဟုလည်း ဦးအောင်ကြည်ညွန့်က တိုက်တွန်းသည်။

ယနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ပြီး စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ရေး၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေး ရှိသည့်အားဖြင့် အတူတကွရုန်းကြရန် တိုက်တွန်းခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။