Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးထိရောက်စွာပံ့ပိုးကူညီပေးရန် ကုလအဖွဲ့ဝင်နိုင်ငံများကို CRPH တောင်းဆို

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁မတ်လက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁မတ်လက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို အာမခံချက်ပေးမည့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထိရောက်စွာ ပံ့ပိုးကူညီပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် ကြိုဆိုထောက်ခံကြောင်း ယနေ့ ထုတ်ပြန်သည်။

သို့သော် အကြမ်းဖက်စစ်အာဏာရှင်များ၏ နေ့စဥ်တိုး၍ လုပ်ဆောင်နေသောအကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှုကို ပိုမိုမြန်ဆန်စွာ ကူညီပံ့ပိုးပေးရန် ယခုထက်ခိုင်မာထိရောက်သော ဆောင်ရွက်ချက်တို့ ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးကြောင်း CRPH ကအသိပေးထောက်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ယခုဆုံးဖြတ်ချက်သည် လပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီကို အသက်ပေး၍ကာကွယ်နေကြသည့် မြန်မာပြည်သူလူထုအတွက် ခွန်အားတစ်ခု ဖြစ်သကဲ့သို့ အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရေး ကြိုးပမ်းမှုဖြစ်ကြောင်း CRPH က ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

ထို့အပြင် မြန်မာစစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် တာဝန်ခံစေရန်နှင့် မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် မဖြစ်မနေဝိုင်းဝန်းဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း CRPH က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

Facebook