Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးထိရောက်စွာပံ့ပိုးကူညီပေးရန် ကုလအဖွဲ့ဝင်နိုင်ငံများကို CRPH တောင်းဆို

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁မတ်လက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁မတ်လက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို အာမခံချက်ပေးမည့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထိရောက်စွာ ပံ့ပိုးကူညီပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က တောင်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် ကြိုဆိုထောက်ခံကြောင်း ယနေ့ ထုတ်ပြန်သည်။

သို့သော် အကြမ်းဖက်စစ်အာဏာရှင်များ၏ နေ့စဥ်တိုး၍ လုပ်ဆောင်နေသောအကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှုကို ပိုမိုမြန်ဆန်စွာ ကူညီပံ့ပိုးပေးရန် ယခုထက်ခိုင်မာထိရောက်သော ဆောင်ရွက်ချက်တို့ ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးကြောင်း CRPH ကအသိပေးထောက်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ယခုဆုံးဖြတ်ချက်သည် လပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီကို အသက်ပေး၍ကာကွယ်နေကြသည့် မြန်မာပြည်သူလူထုအတွက် ခွန်အားတစ်ခု ဖြစ်သကဲ့သို့ အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရေး ကြိုးပမ်းမှုဖြစ်ကြောင်း CRPH က ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

ထို့အပြင် မြန်မာစစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် တာဝန်ခံစေရန်နှင့် မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် မဖြစ်မနေဝိုင်းဝန်းဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း CRPH က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူထားချိန်မှာ မြန်မာ့ပြသာနာ​ဖြေရှင်းနိုင်ဖို့အတွက် ​တော်လှန်​ရေးအင်အားစု​တွေ ၊ စစ်​ကောင်စီ အပါအဝင် အလွာမျိုစုံကသက်ဆိုင်သူ​တွေနဲ့အကြိမ်​ပေါင်း ၁၈၀ ​ကျော် ​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ ဆိုပါတယ်။