Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးပစ်၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️အရပ်သားအချို့ ဒဏ်ရာရ၊ အိမ်မွေးတိရိစ္ဆာန်များသေဆုံးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရှိကျေးရွာများအားစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းတွင်ရညောင်လေးပင်ခရိုင် ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၂၀)သည် ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်၍ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်နှင့် ညောင်ပင်ကြီးရွာမကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူလူထုများ မွေးမြူထားသော နွား လေးကောင်ကို ထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဖေဖာ်ဝါရီ ၁၁ရက်တွင် စစ်ကောင်စီတပ်၏ ခမရ(၂၀)မှ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့၍ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

ထိုသို့ တိုက်ခိုက်ခံရချိန်မှစ၍ ညောင်ပင်ကြီးရွာ၊ ညောင်ပင်ကြီးရွာသစ်နှင့် သက်တူးကုန်းကျေးရွာမှ ပြည်သူလူထုသည် ကျေးရွာအတွင်း မနေရဲကြတော့ဘဲ အနီးအနားရှိကျေးရွာများ၊ နီးစပ်ရာဆွေမျိုးများနှင့် မြို့ပေါ် များသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာ သုံးရွာတွင် အိမ်ခြေစုစုပေါင်း ၂၆၉လုံးနှင့် လူဦးရေ ၁,၂၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။