Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးပစ်၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️အရပ်သားအချို့ ဒဏ်ရာရ၊ အိမ်မွေးတိရိစ္ဆာန်များသေဆုံးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရှိကျေးရွာများအားစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းတွင်ရညောင်လေးပင်ခရိုင် ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၂၀)သည် ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်၍ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်နှင့် ညောင်ပင်ကြီးရွာမကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူလူထုများ မွေးမြူထားသော နွား လေးကောင်ကို ထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဖေဖာ်ဝါရီ ၁၁ရက်တွင် စစ်ကောင်စီတပ်၏ ခမရ(၂၀)မှ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့၍ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

ထိုသို့ တိုက်ခိုက်ခံရချိန်မှစ၍ ညောင်ပင်ကြီးရွာ၊ ညောင်ပင်ကြီးရွာသစ်နှင့် သက်တူးကုန်းကျေးရွာမှ ပြည်သူလူထုသည် ကျေးရွာအတွင်း မနေရဲကြတော့ဘဲ အနီးအနားရှိကျေးရွာများ၊ နီးစပ်ရာဆွေမျိုးများနှင့် မြို့ပေါ် များသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာ သုံးရွာတွင် အိမ်ခြေစုစုပေါင်း ၂၆၉လုံးနှင့် လူဦးရေ ၁,၂၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။