Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ အငြိမ်းစားသားဖွားဆရာမ သားအမိသေနတ်နဲ့ပစ်သတ်ခံရ

ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။

မြင်းခြံမှာ အငြိမ်းစားသားဖွားဆရာမ သားအမိသေနတ်နဲ့ပစ်သတ်ခံရ
မြင်းခြံမှာ အငြိမ်းစားသားဖွားဆရာမ သားအမိသေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊တူးရင်းဘိုကျေးရွာ ကျေးလက်ဆေးပေးခန်းမှ အငြိမ်းစားသားဖွားဆရာမနဲ့သားဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။

ပစ်ခံရသူသားအမိမှာ သားဖြစ်သူဟာ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံထားရသူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement
Public Service Announcement

” သားဖြစ်သူက သတင်းပေးလို့ နာမည်ထွက်နေတာလည်းကြာနေပြီ၊ ပျူတွေကိုလက်ခံတာတွေလည်းလုပ်တယ်” လို့ မြင်းခြံဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကို မည်သည့်အဖွဲ့ကပြုလုပ်တယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ပစ်ခတ်ခံရလို့သေဆုံးသွားတဲ့ အငြိမ်းစားသားဖွားဆရာမဟာ အသက် ၆၃နှစ်အရွယ်ရှိပြီး သားဖြစ်သူကတော့ အသက် ၄၀ အရွယ်ရှိပါပြီ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။