Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အပေါ် အီးယူ၏ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်ကို JFM ထောက်ခံကြိုဆို

အဖွဲ့အစည်း ၇ ခုမှာ စစ်တပ်၏ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့နှင့် Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited(IGG)၊ Sky Aviator Company Limited တို့ဖြစ်သည်။

စစ်တပ်(ညှိကွပ်)မောင်မောင်အေး
စစ်တပ်(ညှိကွပ်)မောင်မောင်အေး

▪︎စစ်ကောင််စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်း

ဥရောပသမဂ္ဂ၏ ယခုတကြိမ်အရေးယူမှုသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့်အတွက် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ယမန်တွင် ထုတ်ပြန်ကြေညာသော အီးယူ၏ ပိတ်ဆို့အရေးယူမှုတွင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခု ပါဝင်သည််။ လူပုဂ္ဂိုလ် ၉ ဦးမှာ Myanmar Chemical and Machinery(MCM)ကုမ္ပဏီဥက္ကဌ အောင်လှိုင်ဦး၊ Yadanarpon Aviation Support Company and Suntac Group of Companies ဒါရိုက်တာ စစ်တိုင်းအောင်၊ Sky Avaiator ဒါရိုက်တာ ကျော်မင်းဦး၊ စစ်တပ်(ရေချုပ်)မိုးအောင်၊ စစ်တပ်(ညှိကွပ်)မောင်မောင်အေး၊ ရန်ကုန်တိုင်းစစ်ကောင်စီစီးပွါးရေးဝန်ကြီး မျိုးမြင့်အောင်၊ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ကိုကိုမောင်၊ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး တို့ဖြစ်သည်။

အဖွဲ့အစည်း ၇ ခုမှာ စစ်တပ်၏ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့နှင့် Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited(IGG)၊ Sky Aviator Company Limited တို့ဖြစ်သည်။

“အထူးသဖြင့် အမေရိကန်အစိုးရအနေနဲ့ အီးယူ၊ ဗြိတိန်၊ ကနေဒါတို့လို မြန်မာစစ်တပ်ရဲ့ လေယာဥ်ဆီထောက်ပံ့ကွင်းဆက်ကို ပစ်မှတ်ထားပိတ်ဆို့တာကို လိုက်ပါဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။ နောက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့အနေနဲ့ အီးယူနဲ့အတူ စစ်တပ်ရဲ့နိုင်ငံခြားဝင်ငွေရလမ်း အကြီးမားဆုံးရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့အနေဖြင့်လည်း စစ်ကောင်စီနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှုကို အဆုံးသတ်ရန်နှင့် စစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် JFM က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook