Connect with us

Hi, what are you looking for?

News

လက်နက်အားကိုးနဲ့ အာဏာသိမ်းခြင်းဟာ ကမ္ဘာ့ဒီမိုကရေစီအတွက်ပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ CRPH ထုတ်ပြန်

CRPH ဟာ ပြည်သူလူထုအပ်နှင်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ စစ်အာဏာ ရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့ကို အစွမ်းကုန်ဆက် လက်ကြိုးပမ်းဆောင် ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

ပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒမဲတွေကို လက်နက်အား ကိုးနဲ့ ဖျက်ဆီးခြင်းဟာ မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာ့ဒီမိုကရေစီအတွက်ပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေ စီစနစ်ပြန်လည်ထွန်းကားရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် CRPHနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

CRPH ဟာ ပြည်သူလူထုအပ်နှင်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ စစ်အာဏာ ရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့ကို အစွမ်းကုန်ဆက် လက်ကြိုးပမ်းဆောင် ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။