Connect with us

Hi, what are you looking for?

News

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDFတိုက်ခိုက်

စက်တင်ဘာ ၁၅ရက် နံနက်အစောပိုင်းက ကောလင်းမြို့နှင့် ၁၀မိုင်ခန့်အကွာရှိ သစ်ဆိမ့်ကုန်းရွာနှင့် တောင်မော်ကျေးရွာအကြား၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆို သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဥ်နှစ်စီးထိခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၅ရက် နံနက်အစောပိုင်းက ကောလင်းမြို့နှင့် ၁၀မိုင်ခန့်အကွာရှိ သစ်ဆိမ့်ကုန်းရွာနှင့် တောင်မော်ကျေးရွာအကြား၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆို သည်။

“ဒါက လေးစီးထွက်တာ နှစ်စီးမိုင်းထိတယ်လို့ပြောတယ်။ အဲဒီလိုဖြစ်တော့ ဘေးက ရွာသားတွေကို ရမ်းပစ်တာ။ ဆိုင်ကယ် ရှေ့ကဖြတ်တာ အဲဒါကို ပစ်တာ ထိသွားတဲ့အခါ ဆိုင်ကယ်ရော လူရော တင်သွားတယ်။ ဆိုင်ကယ်ကအရပ်သား”ဟု စစ်ကိုင်းတိုင်းဒေသခံ တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကောလင်းတွင် ယခင်ကတည်း စစ်ကောင်စီယာဉ်တန်းများကို ကောလင်းPDFက မိုင်းဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။