Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်၍ သားအမိသုံးဦးထိမှန်ပြီး ကလေးငယ်တစ်ဦးသေဆုံး

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - EPA)
(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - EPA)

စစ်ကိုင်းတိုင်း တမူးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိသုံးဦး ဒဏ်ရာရခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များထံမှ သတင်းရရှိသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“အဝေးကနေ လက်နက်ကြီးနှစ်လုံးထုတာ။ အရပ်သားအိမ်ပေါ်ကျပြီး သုံးယောက်ထိတယ်။ ကလေးတစ်ယောက်‌ သေဆုံးသွားတယ်”ဟု တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသည့်ကလေးငယ်မှာ အသက်(၅)နှစ်ခန့် အရွယ်ဖြစ်ပြီး ဒဏ်ရာရထားသော မိခင်နှင့် နောက်ထပ်ကလေးတစ်ဦးကို တမူးမြို့ဆေးရုံတွင် တင်ပို့ကုသထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ်များ သေဆုံးမှုနှုန်းမြင့်တက်‌နေပြီး ၂၀၂၂ အတွင်းမှာပင် ကလေးငယ် ၁၆၅ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးတွင် ဖေဖော်ဝါရီ ပထမလပတ်က တင်ပြခဲ့သည်။

တမူးမြို့နယ်အတွင်း လတ်တလောတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ဘေးရှောင်‌နေရသူ ပြည်သူသုံးထောင် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။

ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄)တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာတစ်ရွာမှ မိသားစုဝင် ငါးဦးလုံးထိမှန်ခဲ့ပြီး သုံးဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်တွင် မင်းတပ်မြို့နယ် အမ်လောင်းဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။