Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့မှ အဓိကပျူတစ်ဦးကို PDFများပစ်ခတ်ရှင်းလင်း

တမူးမြို့ မြို့မရပ်ကွက်ရှိ ပျူစောထီးအဲသားဆိုသူကိုဇန်နဝါရီ၁၈ရက်တွင်PDFများကသေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။ ဓါတ်ပုံ-Wordpress)
(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။ ဓါတ်ပုံ-Wordpress)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်စဥ် အဓိကနေရာမှပါဝင်ခဲ့သော တမူးမြို့မှ ပျူစောထီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်များကပစ်ခတ်ရှင်းလင်းလိုက်ကြောင်း​ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

တမူးမြို့ မြို့မရပ်ကွက်ရှိ ပျူစောထီးအဲသားဆိုသူကိုဇန်နဝါရီ၁၈ရက်တွင်PDFများကသေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“အဲသားကတမူးမှာအဆိုးဆုံးဖြစ်တဲ့ပျူခေါင်းဆောင်ချမ်းမြေ့ရဲ့ တပည့်။ လူငယ်တွေကို ဖမ်းဆီးတဲ့အထဲလည်းသူပါတယ်။စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်ရေးမှာလည်း သူက လူထုကို ခြိမ်းခြောက်ပြီး မဲစာရင်းလိုက်ကောက်နေတာ” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တမူးမြို့တွင်ပျူစောထီးခေါင်းဆောင်ပန်းချီချမ်းမြေ့ဆိုသူရှိပြီး ၎င်းဦးဆောင်သော ပျူအဖွဲ့သည် ၂၀၂၂ ဒီဇင်ဘာလအတွင်း ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့​​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ချမ်းမြေ့နှင့်အဲသားတို့ပါဝင်သော ပျူစောထီးအဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့၊ Non CDM အချို့နှင့် အတူဇန်နဝါရီ ၁၅ရက်မှစ၍ တမူးမြို့၌ လူဦး​ရေစာရင်းများလိုက်ကောက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

အာဏာသိမ်းစစ်ကောင်စီကပြုလုပ်ရန်စီစဥ်နေသည့်ရွေးကောက်ပွဲကိုဟန့်တားရန်တမူးမြို့မှတော်လှန်ရေးအင်အားစုများကကြိုးစားနေသည်။ဇန်နဝါရီလ၁၉ရက်ကတမူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ကမီးရှို့ဖျက်ဆီးလိုက်ပြီးစစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်သူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့သည်။

” လက်နက်မကိုင်တဲ့ Non CDMတွေကို NUGရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေကြောင်းအရ အရေးယူမယ်။ လက်နက်ကိုင်တဲဲ့သူတွေကို လက်နက်ကိုင်လမ်းစဥ်အတိုင်း ဖြေရှင်းသွားမယ်” ဟုဗမာကျောင်းသားများအဖွဲ့အစည်း ဗဟိုကော်မတီဥက္ကဌ ကိုအောင်ဖြိုးကြွယ်ကပြောသည်။

တမူးမြို့နယ်တွင် PDF များအား​ကောင်း​သော်လည်း တမူးမြို့​ပေါ်တွင် စစ်​ကောင်စီကလက်နက်တပ်ဆင်​ပေးပြီး​ကျော​ထောက်​နောက်ခံ​ပေးထား​သည့်ပျူ​စောထီးများစွာရှိပြီး ပြည်သူများက အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီးမှုများမကြာခဏကျူးလွန်​လေ့ရှိသည်။ ဇန်နဝါရီ ၉ ရက်​နေ့ကပင် ပျူ​စောထီးအင်အား ၂၀ ခန့်ပါ​သောအုပ်စုက NLD ပါတီဝင် နှစ်ဦး၏ ​နေအိမ်​ကိုလာ​ရောက်၍ သတ်ဖြတ်ခဲ့သည်။

တမူးမြို့နယ် ခမ်းပတ်ဒေသ မလူရွာတွင် သေနတ်ကိုင်ပြီး လမ်းမပေါ် ဆတ်ကြေးကောက်နေသည့် ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးအဖွဲ့မှ နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ယမန်နေ့(ဇန်နဝါရီ ၉ရက်)ညနေက တိုက်ခိုက်ခဲ့သည်။ ပျူစောထီးခေါင်းဆောင် ဝင်းအောင်နှင့်ချစ်ဝင်း သေဆုံးခဲ့သည်။ ပျူစောထီးခေါင်းဆောင်နှစ်ဦးအား မည်သည့်အဖွဲ့က လာရောက်ရှင်းလင်းသည်ကို မသိရသေးပေ။

ထို့နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့က ဒေသခံ NLD ပါတီအိမ်များကို အတင်းဝင်ရောက်ပြီး ပါတီဝင်အချို့ကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ထိုအပြင်ညတမူးမြို့မှ ပျူများက တမူးကိုအလည်အပါတ်လာ​သော အန္ဒိယနိုင်ငံသားနှစ်ဦးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်တွင် ​သေနတ်ဖြင့်ပစ်သတ်ခဲ့​သေးသည်။ ထိုသို့ ရာဇဝတ်မှုများဆက်တိုက်ကျူးလွန်​နေ​သော်လည်း စစ်​ကောင်စီကပျူများကို အ​ရေးယူခြင်းမပြုလုပ်ဘဲ ​​ကျော​ထောက်​နောက်ခံပြု​ပေးထားသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook