Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့မှ အဓိကပျူတစ်ဦးကို PDFများပစ်ခတ်ရှင်းလင်း

တမူးမြို့ မြို့မရပ်ကွက်ရှိ ပျူစောထီးအဲသားဆိုသူကိုဇန်နဝါရီ၁၈ရက်တွင်PDFများကသေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။ ဓါတ်ပုံ-Wordpress)
(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။ ဓါတ်ပုံ-Wordpress)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်စဥ် အဓိကနေရာမှပါဝင်ခဲ့သော တမူးမြို့မှ ပျူစောထီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်များကပစ်ခတ်ရှင်းလင်းလိုက်ကြောင်း​ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

တမူးမြို့ မြို့မရပ်ကွက်ရှိ ပျူစောထီးအဲသားဆိုသူကိုဇန်နဝါရီ၁၈ရက်တွင်PDFများကသေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“အဲသားကတမူးမှာအဆိုးဆုံးဖြစ်တဲ့ပျူခေါင်းဆောင်ချမ်းမြေ့ရဲ့ တပည့်။ လူငယ်တွေကို ဖမ်းဆီးတဲ့အထဲလည်းသူပါတယ်။စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်ရေးမှာလည်း သူက လူထုကို ခြိမ်းခြောက်ပြီး မဲစာရင်းလိုက်ကောက်နေတာ” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တမူးမြို့တွင်ပျူစောထီးခေါင်းဆောင်ပန်းချီချမ်းမြေ့ဆိုသူရှိပြီး ၎င်းဦးဆောင်သော ပျူအဖွဲ့သည် ၂၀၂၂ ဒီဇင်ဘာလအတွင်း ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့​​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ချမ်းမြေ့နှင့်အဲသားတို့ပါဝင်သော ပျူစောထီးအဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့၊ Non CDM အချို့နှင့် အတူဇန်နဝါရီ ၁၅ရက်မှစ၍ တမူးမြို့၌ လူဦး​ရေစာရင်းများလိုက်ကောက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

အာဏာသိမ်းစစ်ကောင်စီကပြုလုပ်ရန်စီစဥ်နေသည့်ရွေးကောက်ပွဲကိုဟန့်တားရန်တမူးမြို့မှတော်လှန်ရေးအင်အားစုများကကြိုးစားနေသည်။ဇန်နဝါရီလ၁၉ရက်ကတမူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ကမီးရှို့ဖျက်ဆီးလိုက်ပြီးစစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်သူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့သည်။

” လက်နက်မကိုင်တဲ့ Non CDMတွေကို NUGရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေကြောင်းအရ အရေးယူမယ်။ လက်နက်ကိုင်တဲဲ့သူတွေကို လက်နက်ကိုင်လမ်းစဥ်အတိုင်း ဖြေရှင်းသွားမယ်” ဟုဗမာကျောင်းသားများအဖွဲ့အစည်း ဗဟိုကော်မတီဥက္ကဌ ကိုအောင်ဖြိုးကြွယ်ကပြောသည်။

တမူးမြို့နယ်တွင် PDF များအား​ကောင်း​သော်လည်း တမူးမြို့​ပေါ်တွင် စစ်​ကောင်စီကလက်နက်တပ်ဆင်​ပေးပြီး​ကျော​ထောက်​နောက်ခံ​ပေးထား​သည့်ပျူ​စောထီးများစွာရှိပြီး ပြည်သူများက အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီးမှုများမကြာခဏကျူးလွန်​လေ့ရှိသည်။ ဇန်နဝါရီ ၉ ရက်​နေ့ကပင် ပျူ​စောထီးအင်အား ၂၀ ခန့်ပါ​သောအုပ်စုက NLD ပါတီဝင် နှစ်ဦး၏ ​နေအိမ်​ကိုလာ​ရောက်၍ သတ်ဖြတ်ခဲ့သည်။

တမူးမြို့နယ် ခမ်းပတ်ဒေသ မလူရွာတွင် သေနတ်ကိုင်ပြီး လမ်းမပေါ် ဆတ်ကြေးကောက်နေသည့် ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးအဖွဲ့မှ နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ယမန်နေ့(ဇန်နဝါရီ ၉ရက်)ညနေက တိုက်ခိုက်ခဲ့သည်။ ပျူစောထီးခေါင်းဆောင် ဝင်းအောင်နှင့်ချစ်ဝင်း သေဆုံးခဲ့သည်။ ပျူစောထီးခေါင်းဆောင်နှစ်ဦးအား မည်သည့်အဖွဲ့က လာရောက်ရှင်းလင်းသည်ကို မသိရသေးပေ။

ထို့နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့က ဒေသခံ NLD ပါတီအိမ်များကို အတင်းဝင်ရောက်ပြီး ပါတီဝင်အချို့ကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ထိုအပြင်ညတမူးမြို့မှ ပျူများက တမူးကိုအလည်အပါတ်လာ​သော အန္ဒိယနိုင်ငံသားနှစ်ဦးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်တွင် ​သေနတ်ဖြင့်ပစ်သတ်ခဲ့​သေးသည်။ ထိုသို့ ရာဇဝတ်မှုများဆက်တိုက်ကျူးလွန်​နေ​သော်လည်း စစ်​ကောင်စီကပျူများကို အ​ရေးယူခြင်းမပြုလုပ်ဘဲ ​​ကျော​ထောက်​နောက်ခံပြု​ပေးထားသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။