Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်ကို မြို့နယ်(ပကဖ) တိုက်ခိုက်

အိမ်စီးကား သုံးစီးဖြင့်လာသည့် စစ်ကောင်စီတပ်ကို ရေစကြိုမြို့အပြင်ဘက် စုံကွေ့နားအရောက်တွင် ပြည့်ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှ မိုင်း ၆လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံး ယာဥ်နှစ်စီး ပျက်စီးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို(ပ.က.ဖ)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို(ပ.က.ဖ)

▪️ယမန်နေ့ တိုက်ခိုက်မှုတွင် အချင်းချင်းပစ်ခတ်၍ စစ်ကောင်စီတပ်က သေဆုံးမှုရှိဟု ပကဖပြော

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို ယမန်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိခဲ့သည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန် သည်။

မတ်လ ၂ရက်ညပိုင်းတွင် ပခုက္ကူမှ ရေစကြိုမြို့ပေါ် ကျောင်းများသို့ စာမေးပွဲမေးခွန်းသယ်၍ ပြန်လာသည့် စစ်ကောင်စီ၏ ယာဥ်များကို ရေစကြို မြို့အပြင်၌ မိုင်းဖြင့်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အိမ်စီးကား သုံးစီးဖြင့်လာသည့် စစ်ကောင်စီတပ်ကို ရေစကြိုမြို့အပြင်ဘက် စုံကွေ့နားအရောက်တွင် ပြည့်ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှ မိုင်း ၆လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံး ယာဥ်နှစ်စီး ပျက်စီးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

“မနေ့ညက မိုင်းဆွဲတဲ့ကိစ္စက နှစ်ကောင်သေတယ်ပြောတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ နှစ်ကောင်သေတာက အချင်းချင်းပစ်တာ။ ကားတွေ လာမယ်ဆိုတော့ မြို့အထွက်ဆိုတော့ ကင်းပုန်းဝပ်ကြတာ။ ကားတွေ မိုင်းဆွဲလိုက်တော့ မိုင်းဆွဲတဲ့ကောင်တွေနဲ့ မှားပစ်တာ နှစ်ယောက် သေတယ်”ဟု ရေစကြို(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့(မတ်လ ၃ရက်)နံနက်ပိုင်းတွင်လည်း ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနှင့်ကုန်းတလင်းကျေးရွာကြား၌ အင်အား ၁၀ဦးခန့်ဖြင့် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပကဖ) ဒရုန်းတပ်သားများက အီနာဂါတစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး ဒဏ်ရာရသွားသည်ဟု ထုတ်ပြန် သည်။

တိုက်ခိုက်မှု နှစ်ရပ်လုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြို(ပကဖ)အနေဖြင့် စစ်ကောင်စီတပ်များကို ရှေ့ဆက်အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

“ကျွန်တော်တို့ ရှိတဲ့အားနဲ့ ပြည်သူလူထု ထည့်ဝင်မှုနဲ့ ထည့်ဝင်ရင် ထည့်ဝင်သလို ဒီထက်ပိုပြီးတော့ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကိုအပြတ်အသတ်တိုက်ခိုက်သွားမယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က ပြည်သူလူထု ထည့်ဝင်မှုနဲ့ သွားရတဲ့အခါကျတော့ လုပ်ချင်ပေမယ့် မလုပ်လိုက်ရတဲ့ ပွဲတွေ၊ ကျွန်တော်တို့မှာ ကျည်လက်နက်ခဲယမ်း ထည့်စဉ်းစားနေရတဲ့အခါ တချို့ပွဲတွေ လုပ်ချင်ပေမယ့် မလုပ်လိုက်ရဘူး။ ငဲ့နေရတဲ့ အနေအထားတွေရှိတယ်။ ဒါတွေသာ မငဲ့ရဘူးဆိုရင် အခုထက်ပိုပြီး စိပ်မယ့်(စစ်ကောင်စီကို ပိုမိုတိုက်ခိုက်မယ့်)အနေအထား ရှိမယ်” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။