Connect with us

Hi, what are you looking for?

သတင်း

ထေဘွေ့စခန်းကိုအင်အားဖြည့်သည့် စစ်တပ်ကိုကြားဖြတ်တိုက်ရာ ၅ ဦးသေဟု CDF ပလက်ဝပြော

စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် ယနေ့နေ့လယ်တွင်ချင်း​ဒေသကာကွယ်​ရေးတပ်-CDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

(CDF ပလက်ဝ မှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံCDF)
(CDF ပလက်ဝ မှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံCDF)

လိုင်းလင်းပီမြို့မှမတူပီမြို့နယ်၊ ထေဘွေ့စခန်းကို အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF(ပလက်ဝ) မှတာဝန်ရှိသူတစ်ဦးက​ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် ယနေ့နေ့လယ်တွင်ချင်း​ဒေသကာကွယ်​ရေးတပ်-CDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုကို မတ် ၈ ရက် နေ့လယ် ၁နာရီမှ ၃ နာရီခွဲအထိ စုစုပေါင်း တစ်နာရီခွဲကြာမြင့်ပြီး စစ်ကောင်စီတပ်က ၅ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။ CDFဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်CDF ပလက်ဝကထုတ်ပြန်ထားသည်။

“ထေးဘွေ့စခန်းကိုအင်အားဖြည့်တာခုနဲ့ဆို (၂)ကြိမ်ရှိပါပြီ။အင်အားဖြည့်တိုင်းလည်း ကြားဖြတ်တာတွေအမြဲ လုပ်ပါတယ်။ခုဟာက ဒုတိယ အကြိမ် အင်အားဖြည့်တာပါ။”ဟု CDF ပလက်ဝတာဝန်ရှိသူတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့အင်အားဖြည့်တင်းမှုသည် စစ်ကောင်စီတပ်သား၁၀၀ကျော်ပါကြောင်းသိရသည်။အဆိုပါစခန်းသည်မတူပီမြို့နယ်အတွင်းရှိစခန်းဖြစ်သည်ဟုလည်းသိရသည်။

“သူတို့ စခန်းနဲ့ ကျနော်တို့ စခန်းကလည်း ၃ မိုင်လောက်ပဲ ဝေးတာဆိုတော ကိုယ့်ဘက်က အဆင်သင့်အနေထားတော အမြဲ လုပ်ရပါတယ်။”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။