Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မတ ဥရောပသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

(ယာယီသမ္မတ ဒူဝါလရှီးလသည် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းနှင့် တွေ့ဆုံနေစဉ်)
(ယာယီသမ္မတ ဒူဝါလရှီးလသည် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းနှင့် တွေ့ဆုံနေစဉ်)

“အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှုတွေ ဘယ်လိုတိုးချဲ့ဆောင်ရွက်ရမယ်ဆိုတာလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်”- သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလသည် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းကို ယမန်နေ့တွင် အွန်လိုင်းမှ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ၁နာရီခွဲခန့်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် အကြမ်းဖက်စစ်အုပ်စုကြောင့် တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော ပြဿနာများနှင့် လူထု၏ ဒုက္ခရပ်များအကြောင်း ဆွေးနွေးခဲ့ကြပြီး ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့အရေးအတွက်ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြကြောင်း ယာယီသမ္မတရုံးက သတင်းထုတ်ပြန်သည်။

“ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထုကို သူတို့ အတတ်နိုင်ဆုံး ကူညီမယ်ဆိုတဲ့အကြောင်း အထူးကိုယ်စားလှယ်က ပြောကြားပါတယ်။ နောက် မြန်မာပြည်သူလူထုဖြစ်ချင်တဲ့ မြန်မာပြည်သူလူထုရဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်ဖို့ ဆန္ဒကိုလည်း သူတို့တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်ဆိုတာ၊ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှုတွေ ဘယ်လိုတိုးချဲ့ဆောင်ရွက်ရမယ်ဆိုတာလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်”ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိိသူ ဦးကျော်ဇောက ပြောသည်။

လက်ရှိိနွေဦးတော်လှန်ရေးတွင် အမျိုးသားညီိညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားအဖွဲဲ့အစည်းများ၊ ပြည်သူလူထုအားလုံးနှင့်အတူ စစ်ကောင်စီအမြစ်ဖြတ်ရေး တော်လှန်ရေးတိုက်ပွဲဝင်နေကြသည့်အကြောင်းအရာကို အကျယ်တဝင့်ဆွေးနွေးခဲ့ဖြစ်ခဲ့ကြောင်း အထက်ပါတွေ့ဆုံမှုတွင် ပါဝင်တက်ရောက်ခဲ့သူ ဦးကျော်ဇောက ဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ဥရောပသမဂ္ဂ၏နောက်ဆုံးပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ပါဝင်သည်။ အီးယူသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။