Connect with us

Hi, what are you looking for?

သတင်း

လူထုဆီမှ အခွန်ကောက်ခံရာတွင် တရားမျှတခြင်းနှင့် ကြောင်းကျိုးဆီလျော်ခြင်း အခြေခံမူထားရမည်ဟု ယာယီသမ္မတ ပြော

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

ယာယီသမ္မတ ဒူဝါလရှီးလ
ယာယီသမ္မတ ဒူဝါလရှီးလ

ပြည်သူကိုအလွန်အမင်းဝန်ပိစေခြင်းအား ရှောင်ရန်၊လက်နက်ပြအခွန်ကောက်ခြင်း မလုပ်ရန် အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူလူထုထံမှ အခွန်ကောက်ခံရာတွင် တရားမျှတခြင်းနှင့် ကြောင်းကျိုးဆီလျော်ခြင်းကို အခြေခံမူအဖြစ် ထားရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြည်ထောင်စုအခွန်ကောက်ဥပဒေ အတည်ပြုရန် နှင့်ပတ်သက်ပြီး ယာယီသမ္မတက ၎င်း၏ သဘောထားအမြင်ကို အသိပေးခဲ့ခြင်းဖြစ်သည်။

“အခွန်ကောက်တဲ့ နည်းလမ်း (Means of Taxation) ၏လို့ပဲ ပြောပြော system of taxation လို့ပဲ ပြောပြော၊ လူမှုတရားမျှတမှုဖြစ်စေမယ့် နည်းလမ်းတွေကို အခြေခံမူတွေအဖြစ် ထားရှိရမယ်လို့ အလေးထားပြောချင်ပါတယ်။ ဒါဟာ သမိုင်းသင်ခန်းစာကိုယူပြီး ပြောတာလည်း ဖြစ်သလို၊ စစ်အာဏာရှင်ဓလေ့မှာတွေ့ရတဲ့ စနစ်ဆိုးကို ကြည့်ပြီး ပြောရခြင်း ဖြစ်ပါတယ်။ လူထုဆီက အခွန်ငွေကို ကောက်ခံတဲ့အခါမှာ တရားမျှတခြင်းနဲ့ ကြောင်းကျိုး ဆီလျော်ခြင်းကို အခြေခံမူအားဖြင့် ထားရှိရမယ်လို့ ကျွန်တော် ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိ NUG အစိုးရ ထိန်းချုပ်ဧရိယာ၌ ရသင့်ရထိုက်သည့် အခွန်ကောက်ခံမှုများနှင့် ပြည်သူလူ အကျိုးအတွက် ကောက်ခံရမည့် အခွန်များရှိကြောင်း၊ အခွန်ကောက်ခံမှုများနှင့်ပတ်သက်ပြီး ယခု ဥပဒေသည် လူမှုတရားမျှတမှုနှင့် ကြောင်းကျိုး ဆီလျော်ခြင်း အခြေခံစံများကနေ လွတ်ကင်းနေမည့် ဥပဒေ မဟုတ်ကြောင်းကို ယုံကြည်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အစိုးရက ပြဋ္ဌာန်းအတည်ပြုမယ့် အခွန်ကောက်ဥပဒေဟာ အခွန်ထမ်းပြည်သူလူထုကို အလွန်အမင်း ဝန်ပိစေတာမျိုး အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ ဒါ့အပြင် လူမှုတရားမျှတမှုစံကနေ ကင်းလွတ်တဲ့ အခွန်ကောက်ခံခြင်း နည်းလမ်းတွေကို အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ လက်နက်ပြပြီး အခွန်ကောက်တာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါဟာ ကျင့်ဝတ် ဖြစ်ပါတယ်။ စံဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အတိတ်သမိုင်းနှင့် လက်ရှိ စစ်ကောင်စီလည်ပတ်နေသည့် ယန္တရားစနစ်ကိုကြည့်ပါက လက်နက်နှင့် ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု ယာယီသမ္မတက ပြောသည်။

“စစ်အာဏာရှင်အစိုးရ အဆက်ဆက်ဟာ လက်နက်ကိုင်ဗဟိုပြုပြီး ဘဏ္ဍာငွေကြေးကို စုဆောင်းပါတယ်။ ဒါဟာ အာဏာရှင်စရိုက် အာဏာရှင်အပြုအမူဖြစ်တာမို့ ၊ ကျွန်တော်တို့ အနေနဲ့လည်း သတိထား ရှောင်ကြဉ်ရပါလိမ့်မယ်။ လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးအစိုးရဟာ တော်လှန်ရေးရန်ပုံငွေ လိုအပ်ချက်လည်းရှိနေတာမို့ ၊ NUG ရဲ့ ထိန်းချုပ် ဧရိယာတွေမှာ အခွန်ကောက်ခံခြင်းဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုလို့လည်း မြင်ပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

“အခွန်ကောက်တာ သတ်မှတ်ချက်တွေ ပအဖတွေကထုတ်လာတာရှိတယ်။ ဒီကာလတွေအရမ်း ခက်ခဲတော့ဖြစ်နိုင်ရင် အခွန်တွေအများကြီး မကောက်စေချင်ဘူး။ “ဟု မကွေးတိုင်း၊ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာတခုမှ ဒေသခံတစ်ဦးကပြောသည်။

တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ)များက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများကို အခွန်အခကောက်ခံလျက်ရှိသည်။ ထိုအခွန်အခများကို သက်ဆိုင်ရာ ဒေသအလိုက် ပညာရေး၊ကျန်းမာရေးများတွင်ခွဲဝေသုံးစွဲကြသည်။ထိုအပြင် စစ်ကောင်စီနှင့်ဖြစ်ပွားသောတိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များအတွက် ခဲယမ်းကုန်ကျငွေများအနက် တချို့တဝက်ကို​ပေးအပ်သုံးစွဲကြသည်ဟု ပကဖ အချို့က​ပြောသည်။

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။