Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်တွင် CDM ရဲ ၄၀၀ခန့်ရှိပြီး စစ်သား ၅၀ခန့်ရှိ

“စက်တင်ဘာ ၇ရက် နောက်ပိုင်းမှာတော့ ကျွန်တော်လေ့လာမိသလောက် ရဲဘက်က ၁၅ယောက်လောက်ရှိတယ် အဲဒါထက်တောင်များနိုင်တယ်။ စစ်တပ်ဘက်ကတော့ ကျွန်တော်တို့ဆီ ရောက်တာ ၇ယောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ၉ခုတွင် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း၄၀၀ ခန့်ရှိပြီး CDM စစ်သား ၅၀ခန့်ရှိသည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီမှ စက်တင်ဘာ လလယ်အထိ CDM ပြုလုပ်ထားသည့် ရဲနှင့် စစ်သား အရေအတွက်ကို ၎င်းက ပြောပြခြင်းဖြစ်သည်။

“စက်တင်ဘာ ၇ရက် နောက်ပိုင်းမှာတော့ ကျွန်တော်လေ့လာမိသလောက် ရဲဘက်က ၁၅ယောက်လောက်ရှိတယ် အဲဒါထက်တောင်များနိုင်တယ်။ စစ်တပ်ဘက်ကတော့ ကျွန်တော်တို့ဆီ ရောက်တာ ၇ယောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မြို့နယ် ၉ခုအနက် ဟာခါးမြို့နယ် တစ်ခုတည်း၌ပင် CDM ပြုလုပ်ထားသည့် ရဲ ၁၅၀ခန့်ရှိ ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“များသောအားဖြင့် လုံခြုံတဲ့ရွာတွေမှာ ထားတာရှိတယ်။ တချို့ကတော့ အိန္ဒိယဘက်ကူးပြောင်းလာတဲ့သူတွေလည်းရှိတာပေါ့။ ချင်းပြည်နယ်မှာတော့ ရဲကတော့ ၄၀၀ ဝန်းကျင်ရှိမယ် အစကနေ ဒီနေ့အထိ။ ၉မြို့နယ်မှာ ထက်ဝက်ကျော်ကျော်က အကုန်လုံးထွက်ကြတယ်။ သုံးပုံတစ်ပုံပဲ ကျန်တော့တာ။ စစ်တပ်က ဒီနေ့အထိ CDM ဝင်လာတာ ချင်းပြည်နယ်မှာ ကျွန်တော်တို့ စခန်းသိမ်းလို့ ပါသွားတဲ့ မကွီအိမ်နူးလိုမျိုး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ သူတွေ ရောဆိုရင် အယောက် ၅၀ လောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်သွား၍ စခန်းကို ဖျက်ဆီးခဲ့ခြင်းအပါအဝင် ချင်းပြည်နယ် တစ်ခုလုံး၌ ရဲစခန်း ၅ခု၊ စစ်ကောင်စီတပ်စခန်း ၂ခု သိမ်းပိုက်ခဲ့ကြောင်း CDF က ပြောသည်။

မိသားစုအခြေအနေကြောင့် CDM မပြုလုပ်နိုင်သေးသည့် ရဲနှင့် စစ်သားများ အတွက် နားလည်သော်လည်း လက်ရှိအချိန်တွင် အမြန်ဆုံး ပြည်သူနှင့် ပူးပေါင်း သင့်ကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။စစ်အာဏာရှင် ဆန့်ကျင်ရေး ဆောင်ရွက်ရာ၌ စစ်ရေးပစ် မှတ်များကို အဓိက တိုက်ခိုက်နေသည့် အချိန်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်တပ်နဲ့ ရဲဆိုတဲ့သူတွေအကုန်လုံးက တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်ဖို့ ဆိုတဲ့ အခြေအနေဖြစ်လာတော့ အလကားနဲ့ အသက်အသေမခံဘဲနဲ့ ပြည်သူတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ ပြောချင်တယ်” ဟု CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ဧပြီမှစ၍ စစ်ကောင်စီတပ်များကို ရရာလက်နက်စွဲကိုင်ခုခံတော်လှန်မှုများ ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်၊ ဟာခါး မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများပြားခဲ့သည်။

“နယ်မြေကျူးကျော်ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေသရွေ့တိုက်ပွဲက ပိုပြီး အရှိန်မြှင့်မှာ။ နေရာတိုင်းမှာ အဲဒီလိုပါပဲ။ ကျွန်တော်တို့ နေရာတိုင်းတိုက်ဖို့ချည်းပဲ စောင့်နေကြတာ”ဟု CDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။