Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းပြည်နယ်တွင် CDM ရဲ ၄၀၀ခန့်ရှိပြီး စစ်သား ၅၀ခန့်ရှိ

“စက်တင်ဘာ ၇ရက် နောက်ပိုင်းမှာတော့ ကျွန်တော်လေ့လာမိသလောက် ရဲဘက်က ၁၅ယောက်လောက်ရှိတယ် အဲဒါထက်တောင်များနိုင်တယ်။ စစ်တပ်ဘက်ကတော့ ကျွန်တော်တို့ဆီ ရောက်တာ ၇ယောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ၉ခုတွင် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း၄၀၀ ခန့်ရှိပြီး CDM စစ်သား ၅၀ခန့်ရှိသည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီမှ စက်တင်ဘာ လလယ်အထိ CDM ပြုလုပ်ထားသည့် ရဲနှင့် စစ်သား အရေအတွက်ကို ၎င်းက ပြောပြခြင်းဖြစ်သည်။

“စက်တင်ဘာ ၇ရက် နောက်ပိုင်းမှာတော့ ကျွန်တော်လေ့လာမိသလောက် ရဲဘက်က ၁၅ယောက်လောက်ရှိတယ် အဲဒါထက်တောင်များနိုင်တယ်။ စစ်တပ်ဘက်ကတော့ ကျွန်တော်တို့ဆီ ရောက်တာ ၇ယောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မြို့နယ် ၉ခုအနက် ဟာခါးမြို့နယ် တစ်ခုတည်း၌ပင် CDM ပြုလုပ်ထားသည့် ရဲ ၁၅၀ခန့်ရှိ ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“များသောအားဖြင့် လုံခြုံတဲ့ရွာတွေမှာ ထားတာရှိတယ်။ တချို့ကတော့ အိန္ဒိယဘက်ကူးပြောင်းလာတဲ့သူတွေလည်းရှိတာပေါ့။ ချင်းပြည်နယ်မှာတော့ ရဲကတော့ ၄၀၀ ဝန်းကျင်ရှိမယ် အစကနေ ဒီနေ့အထိ။ ၉မြို့နယ်မှာ ထက်ဝက်ကျော်ကျော်က အကုန်လုံးထွက်ကြတယ်။ သုံးပုံတစ်ပုံပဲ ကျန်တော့တာ။ စစ်တပ်က ဒီနေ့အထိ CDM ဝင်လာတာ ချင်းပြည်နယ်မှာ ကျွန်တော်တို့ စခန်းသိမ်းလို့ ပါသွားတဲ့ မကွီအိမ်နူးလိုမျိုး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ သူတွေ ရောဆိုရင် အယောက် ၅၀ လောက်ရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်သွား၍ စခန်းကို ဖျက်ဆီးခဲ့ခြင်းအပါအဝင် ချင်းပြည်နယ် တစ်ခုလုံး၌ ရဲစခန်း ၅ခု၊ စစ်ကောင်စီတပ်စခန်း ၂ခု သိမ်းပိုက်ခဲ့ကြောင်း CDF က ပြောသည်။

မိသားစုအခြေအနေကြောင့် CDM မပြုလုပ်နိုင်သေးသည့် ရဲနှင့် စစ်သားများ အတွက် နားလည်သော်လည်း လက်ရှိအချိန်တွင် အမြန်ဆုံး ပြည်သူနှင့် ပူးပေါင်း သင့်ကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။စစ်အာဏာရှင် ဆန့်ကျင်ရေး ဆောင်ရွက်ရာ၌ စစ်ရေးပစ် မှတ်များကို အဓိက တိုက်ခိုက်နေသည့် အချိန်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်တပ်နဲ့ ရဲဆိုတဲ့သူတွေအကုန်လုံးက တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်ဖို့ ဆိုတဲ့ အခြေအနေဖြစ်လာတော့ အလကားနဲ့ အသက်အသေမခံဘဲနဲ့ ပြည်သူတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ ပြောချင်တယ်” ဟု CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ဧပြီမှစ၍ စစ်ကောင်စီတပ်များကို ရရာလက်နက်စွဲကိုင်ခုခံတော်လှန်မှုများ ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်၊ ဟာခါး မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများပြားခဲ့သည်။

“နယ်မြေကျူးကျော်ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေသရွေ့တိုက်ပွဲက ပိုပြီး အရှိန်မြှင့်မှာ။ နေရာတိုင်းမှာ အဲဒီလိုပါပဲ။ ကျွန်တော်တို့ နေရာတိုင်းတိုက်ဖို့ချည်းပဲ စောင့်နေကြတာ”ဟု CDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။