Connect with us

Hi, what are you looking for?

သတင်း

မဏ္ဍပ်တွေကို အခွန်မကောက်ဘဲ သင်္ကြန်စည်အောင် စစ်ကောင်စီ စည်းရုံးနေ

လမ်းလျှောက်သင်္ကြန်မတိုင်ခင်က ကျုံးဘေးပတ်လည်နေရာတွေမှာ ပေ ၁၀၀× ၂၅ပေရှိမဏ္ဍပ်တွေ ကို အနည်းဆုံးကျပ်သိန်း၁၀၀ကစတင်ပြီး လေလံစနစ်နဲ့ချထားပေးခဲ့တာလို့သိရပါတယ်။

မဏ္ဍပ်တွေကို အခွန်မကောက်ဘဲ သင်္ကြန်စည်အောင် စစ်ကောင်စီ စည်းရုံးနေ
မဏ္ဍပ်တွေကို အခွန်မကောက်ဘဲ သင်္ကြန်စည်အောင် စစ်ကောင်စီ စည်းရုံးနေ

လာမယ့် သင်္ကြန်ကာလအတွင်း မန္တလေးမှာ စည်ကားအောင် ကျုံးဘေးပတ်လည်နဲ့ လမ်းမကြီးတွေပေါ်မှာ ရေကစားမဏ္ဍပ်တွေကို အခွန်မကောက်ဘဲ ဆောက်လုပ်ခွင့်ပြုမယ်လို့စစ်ကောင်စီ က စည်းရုံးနေပါတယ်။

ကျုံးပတ်လည်နဲ့ မြို့ပေါ် မြို့နယ် ၆ ခုမှာ ရေကစားမဏ္ဍပ်တွေကိုအခွန်ပေးစရာမလိုဘဲ နေရာကို ဦးရာလူစနစ်နဲ့ ခွင့်ပြုမယ်လို့လည်း မန္တလေးစည်ပင်က ကြေညာထားပါတယ်။

ဒါဟာ အာဏာသိမ်းကာလ ၂ နှစ်အတွင်း သင်္ကြန်ကာလမှာ လူထုမပါဝင်တဲ့အတွက် ဒီနှစ်မှာ စည်ကားအောင် စစ်ကောင်စီက စည်ရုံးနေတာလို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးစည်ပင်နဲ့ နီးစပ်သူကတော့ လက်ရှိအချိန်ထိ မဏ္ဍပ်ဆောက်ဖို့ လျှောက်ထားသူမရှိသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့်သင်္ကြန်မှာ စစ်ကောင်စီဟာ မန္တလေးကျုံးတောင်ဘက်ခြမ်း ၂၆လမ်း၊ ၆၆လမ်းကနေ ၇၈လမ်းအထိ လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

အာဏာသိမ်းကာလအတွင်း မန္တလေးမှာ သင်္ကြန်ပွဲ ကိုစစ်ကောင်စီက ဦးစီးကျင်းပပေမယ့် လူထုမပါလို့ ခြောက်ကပ်တိတ်ဆိတ်ခဲ့တာတွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြန်ကို အရပ်သားရွေးကောက်ခံ NLD အစိုးရလက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး မဏ္ဍပ်နေရာ ၁၀ပေ ပတ်လည်ကို ကျပ်၅သိန်း၊ ပေ၂၀ကို ကျပ်၁၀သိန်း၊ ပေ၃၀ကို ကျပ်၁၅သိန်း အခွန်ကောက်ပြီးဆောက်လုပ်ခွင့်ပေးခဲ့ပါတယ်။

လမ်းလျှောက်သင်္ကြန်မတိုင်ခင်က ကျုံးဘေးပတ်လည်နေရာတွေမှာ ပေ ၁၀၀× ၂၅ပေရှိမဏ္ဍပ်တွေ ကို အနည်းဆုံးကျပ်သိန်း၁၀၀ကစတင်ပြီး လေလံစနစ်နဲ့ချထားပေးခဲ့တာလို့သိရပါတယ်။

ဒီနှစ်မှာတော့ စစ်ကောင်စီက အခွန်မကောက်ဘဲ ငွေကုန်ကြေးကျ ခံကာ သင်္ကြန်ပွဲစည်အောင် လုံးပမ်းနေတယ်လို့ မန္တလေးစည်ပင်နဲ့နီးစပ်သူကပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။