သင်္ကြန်ပွဲတော်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်ပြုလုပ်မည့်နေရာများကို သွားရောက်လည်ပတ်ခြင်းမပြုရန် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိပေးထုတ်ပြန်သည်။
“မန္တလေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းနေသယောင် သင်္ကြန်ပွဲတော်ပြုလုပ်မည့်နေရာများသို့ ပြည်သူများအနေဖြင့် သွားရောက်လည်ပတ်ခြင်းမပြုလုပ်ပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်”ဟု ထုတ်ပြန်သည်။

မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်အုပ်စု၏ ဝါဒဖြန့်မှု မအောင်မြင်စေရန် ရည်ရွယ်၍ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်မဏ္ဍပ်များရှိရာသို့ လည်ပတ်ခြင်း ၊ KTV ၊ Private Club များတွင် စုစည်း၍ ပျော်ပွဲ၊ရွှင်ပွဲများပြုလုပ်ခြင်းနှင့် လူစည်ကားရာ နေရာများသို့ သွားရောက် ရေဆော့ကစားခြင်းများကို အထူးရှောင်ရှားရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement
ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင်လည်း သင်္ကြန်ကာလ၌ သင်္ကြန်ပွဲတော်များကို မပါဝင်ဘဲ သပိတ်မှောက်ရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။
