Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်ရှိ ရတခတိုင်းစစ်ဌာနချုပ်ကို ​တော်လှန်​ရေးအဖွဲ့များ ဒရုန်းဖြင့်တိုက်ခိုက်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။

(ရတခ တိုင်းဝန်းအတွင်းရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့​သော​နေရာများကို ​မော်လမြိုင် ပကဖ က​မြေပုံဖြင့်ပြသထားမှု)
(ရတခ တိုင်းဝန်းအတွင်းရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့​သော​နေရာများကို ​မော်လမြိုင် ပကဖ က​မြေပုံဖြင့်ပြသထားမှု)

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ဝန်းအတွင်းရှိ ရဟတ်ယာဉ်ကွင်းနှင့် အရာရှိအိမ်ယာတို့ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တို့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် ​ဒေသခံများထံမှသိရသည်။

မတ်လ၁၆ ရက် ည၉နာရီ ၇မိနစ်မှ ၉နာရီ ၄၀မိနစ်ကြားတွင်ဒရုန်းဖြင့် သုံးကြိမ်ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိသည်။

“လေယာဉ်ကွင်းဘက်ကနေပေါက်ကွဲသံကြားတယ်။ တော်တော်လည်း ကျယ်တယ်။သေနတ်သံလည်းကြားလိုက်တယ်။ စစ်တပ်ဝင်းထဲဆိုတော့ ဘာသတင်းမှတော့ ထွက်မလာဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒရုန်းငါးစီးဖြင့် တိုက်ခိုက်ရန်စီစဉ်ထားသော်လည်း လုံခြုံရေးအရ ဒရုန်းသုံးစီးဖြင့်သာ တိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ခိုက်ချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း၌ ရဟတ်ယာဉ်နှစ်စင်းရှိနေသည်ဟု ပါရှိသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို KNDO တပ်ဖွဲ့ဝင်များနှင့် ရှာထူးဝေါ်ဒရုန်းနည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

“တိုက်ခိုက်ခံရမှုကဖြစ်ခဲ့တယ်ဗျ။ တိုင်းစစ်ဌာနချုပ်ဆိုတော့ သတင်းကို ဖုံးဖိထားတာ”ဟု မော်လမြိုင်မြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

​အဆိုပါတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုရှိ ၊မရှိကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

သို့​သော်တိုက်ခိုက်ခံရပြီး​နောက် ​မတ်လ၁၇ ရက်တွင် ရတခ အတွင်းစစ်သားများ​ခြေရှုပ်​နေပြီး ​မော်လမြိုင်မြို့တွင်လုံခြုံ​ရေးမြှင့်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ထို့အပြင်ထပ်မံရရှိ​သောသတင်းများအရ တိုက်ခိုက်ခံရပြီး​နောက် ရတခ တစ်ဝန်းလုံးမီးအ​မှောင်ချလိုက်​ကြောင်း၊ အရာရှိ ၂ ဦးအပါအဝင် ထိ့ခိုက်ပျက်စီးမှုများရှိခဲ့ပြီးစစ်တပ်က မတ် ၁၇ ရက်တစ်ရက်လုံး တပ်ဖွဲ့ဝင်များကို အပြင်​ပေးမထွက်ဘဲ သတင်းအ​မှောင်ချထား​ကြောင်း စစ်​ကောင်စီသတင်း​ပေးအချို့က​ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၇ရက်နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။