Connect with us

Hi, what are you looking for?

သတင်း

မီးရှို့ခံနေအိမ်များအတွက် နေအိမ်ပြန်လည်တည်ဆောက်ပေးမှု အိမ်အလုံးရေ ၅၀၀ ပြည့်မြောက်

မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် ​လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရသည့်နေအိမ်များအတွက် S&C အဖွဲ့က တည်ဆောက်ပေးနေသော အိမ်အလုံးရေ ၅၀၀ ပြည့်မြောက်ခဲ့ကြောင်း S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် မီးရှို့ခံရသည့် ပြည်သူများအတွက် မူလက တနိုင်တပိုင် အိမ်အလုံး ၁၀၀ ရအောင်တည်ဆောက်ပေးမည်ဟု ရည်ရွယ်ခဲ့သော်လည်း ပြည်တွင်းပြည်ပပြည်သူများ၏ အညာဒေသ အပေါ်ထားသော စေတနာကြောင့် အိမ်အလုံးရေ ၅၀၀ အထိ ရောက်ခဲ့ခြင်းဖြစ်ကြောင်း S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

“ကျွန်တော်တို့က အိမ်အလုံး ၁၀၀၀ အထိတည်ဆောက်ဖို့အစီစဥ်ရှိပါတယ်။ နောက်ထပ် ၅၀၀ ထပ်တည်ဆောက်သွားမှာပါ။ အစီအစဉ် တွေကတော့အများကြီးရှိပါတယ်။”ဟု S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် ​လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

S&C အဖွဲ့သည် နေအိမ်ဆောက်လုပ်လှူဒါန်းမှုအပြင် မတ်လအတွင်း၌ အိမ်အလုံး၁၀၀၊ ကျောင်း ၃ ကျောင်း၊ မီးဘေးသင့်ရွာ ၁၃ ရွာ ဆန်ဆီလှူဒါန်းခြင်း၊ ရက်ကန်းစင် ၁၀စင်လှုဒါန်းခြင်း၊ ကွန်ပြူနာသင်တန်းကျောင်းဖွင့်ရန် စသည့်အစီအစဥ်များပြုလုပ်ခဲ့ရာ ၉၀ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

စစ်​ကောင်စီတပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ရာ ​ဖေ​ဖော်ဝါရီ လကုန်အထိ့​နေအိမ်​ပေါင်း၆၀၄၅၉လုံး မီး​လောင်ကျွမ်းဆုံးရှုံးခဲ့​ကြောင်း Data For Myanmar ကထုတ်ပြန်သည်။ စစ်ကိုင်းတိုင်းသည် စစ်တပ်ကမီးရှို့ဖျက်ဆီးမှု အများဆုံးဖြစ်ပြီး ​ဖေ​ဖော်ဝါရီလကုန်အထိ​နေအိမ်​ပေါင်း ၄၇၇၇၈ မီး​လောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။