Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မီးရှို့ခံနေအိမ်များအတွက် နေအိမ်ပြန်လည်တည်ဆောက်ပေးမှု အိမ်အလုံးရေ ၅၀၀ ပြည့်မြောက်

မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် ​လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရသည့်နေအိမ်များအတွက် S&C အဖွဲ့က တည်ဆောက်ပေးနေသော အိမ်အလုံးရေ ၅၀၀ ပြည့်မြောက်ခဲ့ကြောင်း S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် မီးရှို့ခံရသည့် ပြည်သူများအတွက် မူလက တနိုင်တပိုင် အိမ်အလုံး ၁၀၀ ရအောင်တည်ဆောက်ပေးမည်ဟု ရည်ရွယ်ခဲ့သော်လည်း ပြည်တွင်းပြည်ပပြည်သူများ၏ အညာဒေသ အပေါ်ထားသော စေတနာကြောင့် အိမ်အလုံးရေ ၅၀၀ အထိ ရောက်ခဲ့ခြင်းဖြစ်ကြောင်း S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

“ကျွန်တော်တို့က အိမ်အလုံး ၁၀၀၀ အထိတည်ဆောက်ဖို့အစီစဥ်ရှိပါတယ်။ နောက်ထပ် ၅၀၀ ထပ်တည်ဆောက်သွားမှာပါ။ အစီအစဉ် တွေကတော့အများကြီးရှိပါတယ်။”ဟု S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် ​လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

S&C အဖွဲ့သည် နေအိမ်ဆောက်လုပ်လှူဒါန်းမှုအပြင် မတ်လအတွင်း၌ အိမ်အလုံး၁၀၀၊ ကျောင်း ၃ ကျောင်း၊ မီးဘေးသင့်ရွာ ၁၃ ရွာ ဆန်ဆီလှူဒါန်းခြင်း၊ ရက်ကန်းစင် ၁၀စင်လှုဒါန်းခြင်း၊ ကွန်ပြူနာသင်တန်းကျောင်းဖွင့်ရန် စသည့်အစီအစဥ်များပြုလုပ်ခဲ့ရာ ၉၀ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)
(အလုံးရေ ၅၀၀ မြောက်နေအိမ်အား တွေ့ရစဥ်။ ဓါတ်ပုံ-S&C)

စစ်​ကောင်စီတပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ရာ ​ဖေ​ဖော်ဝါရီ လကုန်အထိ့​နေအိမ်​ပေါင်း၆၀၄၅၉လုံး မီး​လောင်ကျွမ်းဆုံးရှုံးခဲ့​ကြောင်း Data For Myanmar ကထုတ်ပြန်သည်။ စစ်ကိုင်းတိုင်းသည် စစ်တပ်ကမီးရှို့ဖျက်ဆီးမှု အများဆုံးဖြစ်ပြီး ​ဖေ​ဖော်ဝါရီလကုန်အထိ​နေအိမ်​ပေါင်း ၄၇၇၇၈ မီး​လောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။