Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ပလက်ဝလမ်းတွင် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဟုဆို

မတ်လ ၁၄ရက်ကလည်း မတူပီ – ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

(မတူပီCDF မှတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-CDF-မတူပီ)
(မတူပီCDF မှတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-CDF-မတူပီ)

ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲံကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူက​ပြောသည်။

ခလရ(၃၀၄) တပ်မှ မတူပီ – ပလက်၀ လမ်းပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ စားနပ်ရိက္ခာနှင့် တပ်အင်အားဖြည့်ရန်လာသည့် ကား ၃စီးကို မတ်လ ၂၀ ရက်နှင့် မတ်လ ၂၁ရက်တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“မတ်၂၀ ရက်မှာ မတူပီမြိုကနေထယ်ဘွေးစခန်းကို စစ်ကား၃စီးနှင့် စကစအင်းအား၈၀ ခန့်ထွက်သွားကြတယ်။

မတူပီမှ ၇မိုင်အကွာမှာ ကျွန်တော်တိုနဲ့ ၁ကြိမ်ထိတွေ့ပြီးကျွန်တော်တို ပြန်လည်ဆုတ်ပေးတယ်။ ပြီးတော့ ၉ မိုင်မှာ တစ်ကြိမ်ပြန်လည်ထိတွေ့မှူရှိတယ်။ အဲညမှာဘဲ စကစတွေက ၉မိုင်မှာ ညအိပ်တယ် မတ်၂၁ရက်မှာကြတော့ ၁၂မိုင်(တွီးရှစ်)ရွာအဝင်မှာ ပြန်လည်ထိတွေ့မှုဖြစ်တယ်။”ဟု ချင်းပြည်ကာကွယ်ရေးတပ်-CDF-မတူပီတာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၁၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းCDF-မတူပီက ထုတ်ပြန်သည်။

စစ်ကားတန်းမှ ဆက်လက်ထွက်ခွာဦးမည်ဖြစ်ပြီး စစ်​ရေးတင်းမာ​နေဆဲဖြစ်​ကြောင်းလည်း အထက်ပါတာဝန်ရှိသူက​ပြောသည်။

“ဖုန်းလိုင်း အဆင်မပြေတာကြောင့် သတင်းက ချက်ချင်းရနိုင်ဖို့ မလွယ်ဘူး”ဟု ၎င်းကဆက်ပြောသည်။

မတူပီ – ဟားခါးလမ်းတွင် တပ်ချထားသော ဗျူဟာ တပ်စခန်းမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ မတူပီ -ပလက်၀ လမ်းပေါ်ရှိ ၀လီပီရွာ၌ လက်နက်ကြီးကျည်များ ပေါက်ကွဲခဲ့ကြောင်း၊ မတူပီ CDF ရဲဘော်များနှင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

မတူပီ CDF အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက် ဝင်နိုင်ရန် အတွက် လိုအပ်သည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဝယ်ယူနိုင်ရန် ပြည်သူများ တက်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင်လှူဒါန်းပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

မတ်လ ၁၄ရက်ကလည်း မတူပီ – ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။