Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုအ​နောက်ခြမ်းတွင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ယမန်နေ့ကလည်းဘောလခဲတွင်စစ်ကောင်စီတပ်ကတိုက်လေယာဥ်ဖြင့်တိုက်ခိုက်၍ပြည်သူ နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိ​ကြောင်း ​ဘောလခဲ PDF ကလည်း ထုတ်ပြန်ထားသည်။

(စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်အချို့ ပျက်စီး​နေမှု ။ဓါတ်ပုံ- DMO-Local PDF)
(စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်အချို့ ပျက်စီး​နေမှု ။ဓါတ်ပုံ- DMO-Local PDF)

တိုက်ပွဲ မရှိသည့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၄ ရက်)က လက်နက်ကြီးများ (၁၀) ကြိမ်ကျော် ပစ်ခတ်ခဲ့ရာမှအမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။

ထို့အပြင်ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်တပ်သည်လက်နက်ကြီးကို နေ့စဉ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း အသိပေးသည်။

(စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်အချို့ ပျက်စီး​နေမှု ။ဓါတ်ပုံ- DMO-Local PDF)
(စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်အချို့ ပျက်စီး​နေမှု ။ဓါတ်ပုံ- DMO-Local PDF)

“မနက် က ၁၀ နာရီလောက်မှာ ဖြစ်တာ။လော လောဆယ်တော့ ထိခိုက်တဲ့သူတွေကိုကုသပေးနေတယ်”ဟု DMO Local PDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ရေးအခြေအနေကြောင့်ပြည်သူများအားလုံး သတိကြီးစွာဖြင့် နေထိုင်သွားလာကြရန် DMO-Local PDF က တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ကလည်းဘောလခဲတွင်စစ်ကောင်စီတပ်ကတိုက်လေယာဥ်ဖြင့်တိုက်ခိုက်၍ပြည်သူ နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိ​ကြောင်း ​ဘောလခဲ PDF ကလည်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း ကရင်နီ ဒေသ၌ အရပ်သား ၄၁ ဦးကို သတ်ဖြတ်ကာ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်း ဆီးကျူးလွန်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က စုစည်းထုတ်ပြန်ထားသည်။

ယခုလဆန်းပိုင်းကစ၍ ဒီးမော့ဆို ၊ဘောလခဲ၊ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တို့တွင် စစ်ကောင်စီတပ်က တပ်မ ၅ ခုနှင့် အလယ်ပိုင်းတိုင်း တပ်ရင်းများဖြင့် ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။