Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတွင် စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ နေအိမ်အချို့ ပျက်စီး

ရွှေကူနယ်တိုက်ပွဲသတင်းကို KIA သတင်းပြန် ကြားရေးကဖော်ပြထားရာ မတ်လ ၂၄ရက်က ရွှေကူမြို့နယ် ငှက်တံတားရွာ တိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကူနယ်ရှိ စီသောင်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးနေစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကူနယ်ရှိ စီသောင်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးနေစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)

▪️မြေပြင်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ရုန်းကန်နေရဟု ရွှေကူ PDF ပြော

ကချင်ပြည်နယ် ရွှေကူမြို့နယ်တိုက်ပွဲ၌ အရာရှိအပါအဝင် စစ်ကောင်စီတပ်များ သေဆုံးထိခိုက် မှုများရှိခဲ့ပြီးနောက် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ရာ ပြည်သူလူထုနေအိမ် အချို့ပျက်စီးပြီး နွား ၅ကောင်သေဆုံးခဲ့ကြောင်း ရွှေကူပြည်သူ့ကာ ကွယ်ရေးတပ်(KPDF)က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မတ်လ ၂၃ရက်တွင် ရွှေကူနယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရွှေကူ KPDF၊ ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက် များခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့ကြောင့် ယမန်နေ့မွန်းလွဲပိုင်းက ရွှေကူနယ်ရှိ မံဝန်း၊ စီသောင်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ နေအိမ်အချို့ ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန် များ သေဆုံးခဲ့ခြင်းဖြစ်သည်။ မံဝန်းကျေးရွာလူထု အခြေပြုခန်းမလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေကူ PDFက အသိပေးသည်။

သို့သော် ပြည်သူ့ရဲဘော်များ အားလုံးဘေးကင်းလုံခြုံလျက်ရှိကြောင်း ရွှေကူ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” အကြမ်းဖက်စစ်တပ်သည် မြေပြင်အနေအထားအရ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့်အတွက် ဝေဟင်မှ ပစ်ခတ်ကူညီကာ အသဲအသန် ရုန်းကန်နေကြရပြီဖြစ်သည်”ဟု ရွှေကူ PDFက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ် အမြစ်ပြတ်ရေးအတွက် အာဏာလုစစ်အုပ်စုကို အခွန်မဆောင်ကြခြင်း၊ စစ်တပ်လှုပ်ရှားမှု သတင်းများကို တော်လှန်ရေးအင်အားစုများထံ သတင်းပေးခြင်းဖြင့် တော်လှန်ကြရန်လည်း တိုက်တွန်းထားသည်။

ရွှေကူနယ်တိုက်ပွဲသတင်းကို KIA သတင်းပြန် ကြားရေးကဖော်ပြထားရာ မတ်လ ၂၄ရက်က ရွှေကူမြို့နယ် ငှက်တံတားရွာ တိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း အသိပေးထားသည်။

ရွှေကူဒေသခံ တစ်ဦးကလည်း “ဒုစစ်ကြောင်းမှူးကျတယ်ကြားတယ်။ ဆင့်ကဲဆင့်ကဲကြားရတဲ့ သတင်းကတော့ သူတို့ မနေ့က သင်္ဂြိုလ်ပွဲလုပ်တယ်လို့ ကြားရတယ်။ ဒုစစ်ကြောင်းမှူး ဆိုရင်တော့ ဗိုလ်မှူးအဆင့်တောရှိမှာပေါ့။ တပ်ရင်းမှူးတွေက ဒုဗိုလ်မှူးကြီးတွေ ပေးလေ့ရှိတယ်။ သူတို့ကလည်း သူတို့ အရာရှိတွေ ထိပြီဆို လေကြောင်းသုံးလေရှိတယ်”ဟု မတ်လ ၂၅ရက်တွင် People’s Spring သို့ ဖြေကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။