Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှုများရှိဟု KIA အသိပေး

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

(ကချင်ပြည်နယ် တစ်နေရာတွင် KIA တပ်သားများအား ၂၀၁၃ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ - AP)
(ကချင်ပြည်နယ် တစ်နေရာတွင် KIA တပ်သားများအား ၂၀၁၃ အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ - AP)

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငှက်တံတားကေိးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ညပိုင်း အသိပေးသည်။

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

စစ်ကောင်စီတပ် ခလရ(၁၀)နှင့် ခမရ(၆၀၂) ပူးပေါင်းတပ် စစ်အင်အား ၁၀၀ကျော်ပါဝင်သည့် စစ်ကြောင်းသည် မတ်လ ၂၀ရက် ကတည်းက ရွှေကူတပ်စခန်းက ထွက်ခွာစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

မတ်လ ၂၄ရက်က ငှက်တံတားရွာတွင် စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KIAက သတင်းဖော်ပြ သည်။

ရွှေကူဒေသခံကလည်း မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဒုစစ်ကြောင်းမှူးအပါအဝင် ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ မံဝိန်းကျေးရွာအနီးတဝိုက် စစ်ရေးလှုပ်ရှားလာစဉ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KIAက သတင်းဖော်ပြသည်။

တိုက်ပွဲကြောင့် ညနေ ၃နာရီခွဲ အချိန်ကစ၍ မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ် နှစ်စီးက မံဝန်းဘုန်းကြီးကျောင်းအပါအဝင် ဝင်း၀၊ စီသာ၊စီမူလေးကျေးရွာ အနီးတဝိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေများကို မသိရသေးပေ။