Connect with us

Hi, what are you looking for?

သတင်း

ပဲခူးဘုရားပွဲတွင် အပျော်စီး​လှေရဟတ်ပြိုကျလူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

ပဲခူးမြို့ ရွှေမောဓောဘုရားပွဲကိုစစ်ကောင်စီက ဦးစီး၍ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်မှ စတင်ကာ ဧပြီလဆန်းပိုင်းအထိ ပြုလုပ်မည်ဟုသိရသည်။

ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook
ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook

ပဲခူးမြို့ ရွှေမော်ဓောဘုရားပွဲတွင် ယမန်နေ့ (မတ်လ ၂၆) ညပိုင်း၌ ပင်လယ်ဓားပြလှေ (အပျော်စီးလှေရဟတ်) ၏ အတက်အဆင်း လှေကားကျိုးကျ၍ လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook
ဓာတ်ပုံ – လေးလေးသန်းအောင် / Facebook

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပဲခူး ရွှေမော်ဓောဘုရားပွဲတွင် ပင်လယ်ဓားပြလှေ (အပျော်စီးလှေရဟတ်) အတက်အဆင်းလမ်းတွင် လူများတိုးကြိတ်ရာမှ လှေကားကျိုးကျသဖြင့် လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ပရဟိတအဖွဲ့တစ်ဖွဲ့မှ ​စေတနာ့ဝန်ထမ်းတစ်ဦးက​ပြောသည်။

ဓာတ်ပုံ - လေးလေးသန်းအောင် / Facebook
ဓာတ်ပုံ – လေးလေးသန်းအောင် / Facebook

” ပင်လယ်ဓားပြလှေကို လူတွေ စုပြုံတက်ရင်း ဝိတ်မနိုင်တော့ အတက်အဆင်းလှေကား ကျိုးကျတာလို့ သိရတယ်။ ၁၀ ယောက်နီးပါးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာများတဲ့သူ ၂၊ ၃ ယောက်လောက်ပါတယ်။ အသက်အန္တရာယ် ထိခိုက်မှုတော့ မရှိပါဘူး။ ပဲခူးဆေးရုံကို ပို့ထားပြီး ဆေးကုသမှု ခံယူနေကြပါတယ် ” ဟု ၎င်းကပြောသည်။

ပဲခူးမြို့ ရွှေမောဓောဘုရားပွဲကိုစစ်ကောင်စီက ဦးစီး၍ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်မှ စတင်ကာ ဧပြီလဆန်းပိုင်းအထိ ပြုလုပ်မည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ပဲခူးမြို့ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီက ဦးစီးပြုလုပ်သည့် ပွဲလမ်းသဘင်များ၊ သကြန်ပွဲများကို သွားရောက်ခြင်း မပြုကြရန်နှင့် ဂရုစိုက်၍ ရှောင်ကြဉ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးမြို့၊ဟံသာဝတီမြို့ရိုးတူးဖော်ရေးမှာ ရှေ့ဟောင်းဇုန်နဲ့မလွတ်ကင်းတဲ့ နေအိမ်အဆောက် အအုံတွေ ဖယ်ရှားရှင်းလင်းမယ့်ကိစ္စကို စစ်ကောင်စီက နှုတ်မိန့်နဲ့ သီတင်းကျွတ်အထိ ရွှေ့ ဆိုင်းပေးထားတယ်လို့ အဲဒီမြို့ခံပြည်သူတွေက ပြောပါတယ်။

သတင်း

ပဲခူးမြို့တွင် (၁၄)နှစ်အရွယ် Grade-7ကျောင်းသားအား ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူများသည် မူးယစ်ဆေးစွဲနေသူများဖြစ်ပြီး သံသယရှိသူသုံးဦးကို စစ်ကောင်စီ၏ ရဲများက ဖမ်းမိထားသည်။

သတင်း

ပဲခူးမြို့တွင် နေအိမ်မှပျောက်ဆုံးနေသည့် (၁၄)နှစ်အရွယ်ကျောင်းသားတစ်ဦး ၂ရက်အကြာတွင် အသတ်ခံထားရသော ရုပ်အလောင်းပြန်လည်တွေ့ရှိ၍ အဆိုပါမြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

သတင်း

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁)တပ်ရင်းက ယမန်နေ့(မေလ၁၈ရက်) နံနက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနက ယနေ့(မေလ ၁၉ရက်) ထုတ်ပြန်သည်။